သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-30
မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုပြင်ဆင်ဖို့ အောက်တိုဘာ ၄ ရက်နေ့အထိ ရက်တိုးထားပေမယ့် မကွေးတိုင်းစေတုတ္တရာမြို့နယ်က ဒေသခံတွေအနေနဲ့ ဒီအချက်ကိုတောင် မသိရှိကြဘူးလို့ သိရပါတယ်။
2015-09-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ကိုယ်စာလှယ် လောင်းတွေဟာ မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာနဲ့ ဆင်အိုးကြီးကျေးရွာတွေမှာ မဲဆွယ် စည်းရုံး ခဲ့ပါတယ်။
2015-09-30
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကော့မှူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေက ကော့မှူးမြို့နယ်အနီးတစ်ဝိုက်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-30
ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်-ခေါ် ဒေါ်မြင့်မြင့်ခင်ဖေဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်သူလို့ တိုက်ရိုက်အမည်ရတဲ့ Walking on A Fine Line အမည်ရှိ ဦးကျော်သူဘဝသရုပ်ဖော်ဇာတ်ကား ရုံ့တင်ပွဲအတွက် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေပါတယ်။
2015-09-29
မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝေးလံခေါင်သီပြီး၊ ဗမာစကားနားမလည်တဲ့ လက်နက်ကိုင်အဖွဲ့တွေကြီးစိုးတဲ့နေရာတွေကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ သွားရောက်ဖို့ ခက်တာကြောင့် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက သွားရောက်ပေးဖို့ လိုတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-09-29
ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်း ကြေညာရက်ကုန်ဆုံးသွားခဲ့ပေမယ့် စာရင်းအမှားတွေကို အချိန်မီ ပြင်ဆင်နိုင်မှာမဟုတ်ဘူးလို့ သံသယရှိသူတွေ ရှိနေပြီး ဒီမပြင်နိုင်မယ့် အခြေအနေကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်ဟာ ပြောင်းလဲသွားနိုင်တယ်လို့ စိုးရိမ်သူတွေရှိလာနေပါတယ်။
2015-09-29
ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို သူ့အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ပြသရေးအတွက် ရောက်ရှိနေပါတယ်။
2015-09-29
လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဗဟန်းမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာရဲအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှိမ်မြင့်တို့ဟာ စက်တင်ဘာ၂၉ရက်နေ့မှာ ဗဟန်းမြို့နယ်က ရပ်ကွက်တွေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်ခဲ့ပါတယ်။
2015-09-29
အရင်က နိုင်ငံတော်သမ္မတအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာနေဇင်လတ် ဥက္ကဌ အဖြစ်ဆောင်ရွက်တဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ ရန်ကုန်တိုင်းဒေသကြီး သံလျင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့် အစရှိတဲ့ မြို့နယ်တွေမှာ ပထဦးဆုံးအကြိမ်အဖြစ် ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေး ဥက္ကဌ သူရဦးတင်ဦးဟာ စက်တင်ဘာလ ၂၉ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့က ဆင်အလှကပြိုင်ကွင်းမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-09-29
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်က ဟန်ဂျင်းအထည်ချုပ်စက်ရုံမှာ အကြောင်းအရာ မဖေါ်ပြဘဲ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးခိုင်းတာကြောင့် အဲဒီစက်ရုံက အလုပ်သမား ၁ ထောင်နီးပါးလောက်ဟာ စက်တင်ဘာလ ၂၆ ရက်နေ့က စက်ရုံရှေ့ထွက်ပြီး အချက် ၆ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2015-09-29
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ ဝင်ရောက်ယှဉ် ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ- မြန်မာက ပါတီ ဥက္ကဌ ဦးသုဝေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဟာ စမ်းချောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၆ စနေနေ့က လက်ကမ်းစာစောင်တွေ ကို ဝေငှပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-29
နေပြည်တော်ကောင်စီနယ်မြေ ၈မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၈ရက်နေ့က ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
2015-09-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ စက်တင်ဘာလ ၂၆ ရက်နေ့ က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2015-09-29
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်ဟောပြောဖို့အတွက် အားကစား ကွင်းကို အသုံးပြုခွင့်ပေးခဲ့တဲ့ အားကာမှူ းကို သက်ဆိုင်ရာက အရေးယူဖို့စုံစမ်းမေးမြန်းနေတာနဲ့ ပတ်သက်ပြီး ခန္တီးမြို့နယ် NLD ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။