သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-31
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဦးနိုင်သက်လွင်ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတချို့နဲ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-12-31
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ ပါဝင်တဲ့ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီဇင်ဘာလ ၃ဝရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-12-31
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ နှေးကွေးနေသလို နှစ်ကုန်ခါနီးတဝိုက်မှာ အခြေခံစားသောက် ကုန် ဈေးနှုန်းတွေလည်း မြင့် တက်လာခဲ့ပါတယ်။
2016-12-31
၂ဝ၁၆ ခုနှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။
2016-12-30
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2016-12-30
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က အစိုးရတပ်နဲ့ TNLA တအာန်းပလောင် လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး သံဃာသုံးပါး အပါအဝင် ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
2016-12-30
ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ၂၇၅၆ ခုနှစ်မြောက် ကရင့်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ကြ ပါတယ်။ ဒီနှစ် ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
2016-12-30
ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှာ ဒေသခံတွေ စုပေါင်းဝယ်ယူထားတဲ့ ကားအစီး ၃ဝ ကို ပြေးဆွဲခွင့်ပေးဖို့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာက ဒေသခံ ၃ ရာကျော် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-12-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က "ဇိုင်းအောင်" ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက် ကြီးတွေ ကျရောက်တဲ့အတွက် ဒုက္ခသည်စခန်း မှာနေထိုင်သူ ၂ ထောင်ကျော်ဟာ စခန်းကိုစွန့်ခွာပြီး ဝိုင်းမော်မြို့ကို သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေ ကြရပါတယ်။
2016-12-28
ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ "မောင်တော- ရသေ့တောင် ဘင်္ဂါလီအကြမ်းဖက်ခံရမှု" စုံစမ်းလေ့လာရေးကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
2016-12-28
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ကို ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ထားတယ်လို့ ပြည်ထောင်စုလွှတ်တော်- ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။
2016-12-28
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှာ ဒီနေ့ ကျင်းပတဲ့ မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်နယ်က လူငယ်တွေအပြင် ကရင်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ တိုင်းနဲ့ပြည်နယ်က မွန်လူငယ်တွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
2016-12-28
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးအကြပ်အတည်း စိန်ခေါ်မှုတွေနဲ့ပတ်သက် လို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၄ဝ လောက်က ကိုယ်စားလှယ်တွေ စုစည်းပြီး "လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာ" အမည်နဲ့ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင် ကျင်းပနေပါ တယ်။
2016-12-28
မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စား စိုက်ပျိုးရေး မွေးမြူရေးဇုံ စီမံကိန်းတွေ ဖော်ဆောင် နိုင်မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တဖက်တလမ်းက ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် အဲဒီလိုစီမံ ကိန်းတွေ ဖော်ဆောင်ပေးဖို့ အစီအစဉ် ရှိမရှိ ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒီနေ့ တိုင်းလွှတ်တော် မှာ မေးမြန်းခဲ့ပါတယ်။
2016-12-28
၂၁၀၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်အစိုးရအဖဲ့ွ အသုံးပြုမယ့် ဖြည့်စွက်ဘတ်ဂျက်ငွေ ကျပ်သန်း ၄ထောင်ကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က လွှတ်တော်မှာဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။