သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-05
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးတဲ့ ပရဟိတသမားတွေဟာ အသက်အန္တရာယ်ကြားကနေ အကူအညီ ပေးနေကြရတာ ဖြစ်ပါတယ်။
2017-01-05
မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ရမယ့် အစီအစဉ်ထဲမှာ အရေးကြီးကိစ္စအဖြစ် ထည့်သွင်းပေးဖို့အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၁၁ ဦးနဲ့ နိုင်ငံရေးသမားတွေ အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၂၃ ဦး လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပါတယ်။
2017-01-03
မော်တော်ယာဉ်အားလုံး မောင်းနှင်နေစဉ် ထိုင်ခုံခါးပတ် ပတ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးစစ်ဆေး အရေးယူတာတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်နေပြီ ဖြစ်ပါတယ်။
2017-01-03
စစ်အစိုးရလက်ထက်က ကဗျာတွေနဲ့တော်လှန်ခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကောင်းထက်ကျော် က တင်ပြထားပါတယ်။
2017-01-03
ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ အဆိုတွေ မေးမြန်းမှုတွေအပေါ် တိုင်းအစိုးရအဖွဲ့ဝင်တွေ လာရောက်ဖြေကြားမှုအခြေအနေနဲ့ တိုင်းအစိုးရအဖွဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေထဲမှာ မလိုအပ်တာတွေကို စိစစ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေကို RFA သတင်းထောက် ကိုအောင်သိင်္ခက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-01-03
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အခြေစိုက် ပညာရေး ကျွမ်းကျင်သူ ဦးကျော်သိန်းစိုးကို ကိုကျော်ကျော်အောင်က ဝါရှင်တန် ဒီစီမြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
2017-01-01
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး ပြည်တွင်းပြည်ပ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝ ကို စာနာတဲ့အနေနဲ့ ငြိမ်းချမ်းရေး ရအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ လက်ရှိငြိမ်း ချမ်းရေး ဖြစ်စဉ်နှင့်ရှေ့အလားအလာ အစည်းအဝေးအပြီးမှာ UNFC ဒုဥက္ကဌ နိုင်ဟံသာ က တိုက်တွန်းပြောဆို လိုက်ပါတယ်။