သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-23
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု ဟော်နားကျေးရွာအစပ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဟော်နားကျေးရွာက ဒေသခံတွေဟာ ရွာနဲ့တစ်မိုင်လောက်အကွာက နားဟိုင်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
2017-12-23
အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-23
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အခြေအနေနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Chief Operating Officer စီမံခန့်ခွဲမှုအရာရှိချုပ် Mr. Reg Chua ကို RFA အဖွဲ့သား ဦးဝင်းနိုင်က ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-12-22
ရှမ်းပြည်နယ်မှာကျင်းပနေတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က တားမြစ်တာတွေ ရှိနေပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက် ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ်လို့ ၂ဝ၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-12-21
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂ဝ၁၇ ဒီဇင်ဘာလ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းမီဒီယာကောင်စီရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့ပါတယ်။
2017-12-20
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအခြေအနေ ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ၂ဝ၁၇ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ရာမှာ ဝန်ကြီးဟောင်း ဦးခင်ရီ၊ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး တာဝန်ယူခဲ့တဲ့ ဒေါက်တာနေဇင်လတ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
2017-12-20
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ ပါဝင်တဲ့ နိုင်ငံရေးပါတီသစ်ကို “ရှစ်လေးလုံးပါတီ” ဆိုတဲ့အမည်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ၂ဝ၁၇ ဒီဇင်ဘာလ ၁၉ ရက်နေ့ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
2017-12-18
၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် တပ်မတော် စစ်အသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ "၂ ဒသမ ၉၁ ထရီလီယံ" တောင်းခံ ထားတယ်လို့ သိရပါတယ်။
2017-12-18
NLD ပါတီအစိုးရ တက်လာပြီးနောက် အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်လာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာမယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။
2017-12-18
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေ အတွင်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေ ဟာ မိသားစုဝမ်းရေးအတွက် နေ့စားအလုပ်တွေ လုပ်ကိုင်ပြီး ဖြေရှင်းနေကြပါတယ်။
2017-12-18
လာမယ့်၂ဝ၂ဝ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုအပေါ် ဆွဲဆောင်မှုအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့လိုအပ်တယ်လို့ NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာလ ၁၈ ရက်နေ့က NLD ခရိုင်နဲ့ မြို့နယ်အလုပ် အမှုဆောင်တွေကို ပြောလိုက်ပါတယ်။
2017-12-17
၈၈ မျိုးဆက်ကျောင်းသားတွေ ဦးစီးတည်ထောင်မယ့် ရှစ်လေးလုံးပါတီရဲ့ အဓိကရည်ရွယ်ချက် ပန်းတိုင် ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဟုတ်ဘဲ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးဖြစ်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
2017-12-16
ဒီဇင်ဘာလ ၁၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၂၀၁၇ ခုနှစ်အတွင်း စွမ်းဆောင်မှုတွေအကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-12-15
အိမ်အကူမိန်းကလေး ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်မြို့က “အင်းဝ” အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်လေးယောက်ကို အနောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက် ပြီး နှစ်ယောက်ကို အပြီးအပြတ် လွှတ်ပေးလိုက်ပါတယ်။