သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-14
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အနောက်ဘက် ရသေ့တောင်နဲ့ မောင်တော မြို့နယ်တွေမှာ ကျေးရွာသစ်ထူထောင်ပြီး အခြေချ နေထိုင်ဖို့အတွက် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပေါက်တော စတဲ့မြို့နယ်တွေက ဒေသခံ တိုင်းရင်းသားတွေ ရောက်ရှိလာနေကြပါတယ်။
2017-12-14
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂ဝ၁၃ ခုနှစ်အစီရင်ခံစာပါ အကြံပြုချက်တွေကို ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီက လိုက်နာမှုမရှိကြောင်း တိုင်ကြားစာပေးပို့ဖို့အတွက် စီမံကိန်းဧရိယာမှာ ပါဝင်တဲ့ ဒေသခံတချို့နဲ့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီက နော်အုန်းလှတို့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က သွားရောက်ခဲ့ကြပါတယ်။
2017-12-14
ရှမ်းပြည်နယ်ရှိ ရွာငံ၊အောင်ပန်း၊ကလောနဲ့ မန္တလေးတိုင်းပြင်ဦးလွင်မြိုနယ်မှာရှိတဲ့ အသေးစားရေအားလျှပ်စစ် လုပ်ငန်းတွေဟာ မီးမရရှိသေးတဲ့ ကျေးရွာတွေကို မီးလင်းအောင်ပေးထားနိုင်ပါတယ်။
2017-12-12
မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ၂ဝဝ၄ ခုနှစ်မှာ ၄၈.၂ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂ဝ၁၅ ခုနှစ်မှာ ၃၂.၁ ရာခိုင်နှုန်းကို လျော့ကျခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ လေ့လာစိစစ်ချက်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2017-12-12
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို လွှတ်တော်က ပြင်ဆင်လိုက်ပြီဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမရှိဘဲ ဒီနေ့အချိန်ထိ တရားစွဲခံရသူ တရာကျော် ရှိနေပြီဖြစ်ပါတယ်။
2017-12-12
မြန်မာနိုင်ငံက သတင်းစာဂျာနယ်တွေမှာ အခုဆိုရင် အတော်လေး လွတ်လွတ်လပ်လပ် ဖော်ပြ ရေးသားခွင့် ရနေပြီဖြစ်ပါတယ်။
2017-12-11
မြန်မာနိုင်ငံမှာ "မိုးလေဝသ" ပညာရပ်နဲ့ ပတ်သက်လာရင် ဦးထွန်းလွင်ဆိုတဲ့ နာမည်ကို ပြေးပြီး သတိရမိကြမယ် ထင်ပါတယ်။
2017-12-11
၁၉၁၄ ခုနှစ်- ပထမကမ္ဘာစစ်နဲ့ ၁၉၃၉ ခုနှစ်- ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံတကာ စစ်မြေပြင်တွေမှာ ကျဆုံးခဲ့တဲ့ မဟာမိတ်စစ်သားတွေကို ဓနသဟာယ စစ်သင်္ချိုင်းများကော်မရှင်က ပြန်လည်ရှာဖွေပြီး မြှုပ်နှံဖို့ စစ်သင်္ချိုင်းတွေ ပြုလုပ် ထားပါတယ်။
2017-12-10
၂ဝ၁၇ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန် အလုံမြို့နယ်က သခင်မြ ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
2017-12-09
ဒီဇင်ဘာလ ၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မြန်မာနဲ့ တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးအောင်သူငြိမ်း ( မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ) နဲ့ ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-12-09
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒုက္ခ သည်စခန်းတွေမှာ နယ်မြေမတည်ငြိမ်တဲ့ အတွက် နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည်ဦးရေ ၇ဝဝ ဝန်းကျင် ကျန်ရှိနေပါတယ်။
2017-12-08
ပညာရေးကဏ္ဍမှာ ရေရှည်ရင်းနှီးမြုပ်နှံပြီးရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်နိုင်မယ် လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2017-12-07
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်ပြီးလက်ခံဖို့ နှစ်နိုင်ငံပူးတွဲကော်မတီကို လာမယ့်သီတင်းပတ် အတွင်း ဖွဲ့စည်းပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကစပြီး ပြန်လည်လက်ခံရေးအစီအစဉ်တွေ စတင်တော့ မယ်လို့ သိရပါတယ်။
2017-12-07
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂ဝ၁၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန UNODC က ထုတ်ပြန်တဲ့ ၂ဝ၁၇ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2017-12-06
လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်လှုပ်ရှား မှုအဖြစ် ၂ဝ၁၇ ဒီဇင်ဘာလ ၄ ရက်နေ့က တနင်္သာ ရီတိုင်း မြိတ်မြို့ မှာ ဟောပြောပွဲတခု ပြုလုပ်ခဲ့ပါ တယ်။