သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-16
MICA လို့ခေါ်တဲ့ မြန်မာ-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ လုပ်ငန်းတွေထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ လုပ်ငန်းတချို့ ရှိနေတယ်လို့ MICA ရဲ့ လုပ်ငန်းတွေကို စိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2017-11-15
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဗဟိုအဆင့်အစည်းအဝေးကို ၂ဝ၁၇ နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ပါတယ်။
2017-11-14
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ဝ ရက်က ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်မြို့က တပ်မတော်-ကြည်း လေ့ကျင့်ရေး ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ တရားပွဲမှာ “တပ်နဲ့သံဃာ၊ ပြည်သူနဲ့အစိုးရ ညီညွတ်ရမယ်” ဆိုတဲ့ တရားတော်ကို သီတဂူဆရာတော် ရှင်ဉာဏိဿရ က ဟောကြားခဲ့ပါတယ်။
2017-11-13
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွေ အနေနဲ့ အာရှဖလားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ စတဲ့ပွဲတွေမှာ အောင်မြင်မှုမရဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ။
2017-11-13
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်က ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုခဲ့ ပြီးနောက် ၄ နှစ်လောက်အကြာမှာ အကြောင်း အမျိုးမျိုးကြောင့် ဆက်မထုတ်တော့ဘဲ ရပ်နား လိုက်တဲ့ သတင်းစာစောင်ရေ များပြားလာနေ ပါတယ်။
2017-11-13
မြန်မာ့ရုပ်သေးလောကမှာ ရုပ်သေးပညာရှင်တွေ မျိုးဆက်သစ်တွေ ရှားပါးလာသလို၊ ရုပ်သေး ကပြတာကိုလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဖျော်ဖြေတဲ့နေရာမှာသာ အများဆုံး တွေ့မြင်ရပါတယ်။
2017-11-13
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဒီကနေ့ တာမွေမြို့နယ်က ဟစ်တိုင်ကွင်းမှာ လူဦးရေ ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြ ပါတယ်။
2017-11-13
မကြာမီ ကျင်းပတော့မယ့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-11
နိုဝင်ဘာလ ၁၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " အမျိုးသမီး စွန့်ဦးတီထွင်သူများရဲ့ အတွေ့အကြုံ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ မေပြည့်စုံကြွယ် ( ကျောင်းအုပ် - Matrix Institute of Professionals ) နဲ့ မစိုးအေမီကျော် (အမှုဆောင်ဒါရိုက်တာ (CEO) - Ananda Cocoa and Coffee) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-11
မြန်မာနိုင်ငံတဝှန်းမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ်က ဦးဆောင်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ပွဲတွေ ပြုလုပ်နေပါတယ်။ ဒီအပေါ် သဘောထား အမြင်တွေကို RFA မြန်မာပိုင်းက စုစည်းတင်ပြ ထားပါတယ်။
2017-11-10
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုး ဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံ တောင်းခံထားတဲ့အထဲက ငွေကျပ် ဘီလီယံ ၇ဝ ကျော်ကို ၂ဝ၁၇ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး က ဖြတ်တောက်လိုက်ပါတယ်။
2017-11-10
ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်စီမံကိန်းကို ဒေသခံတွေ၊အရပ်ဖက်အဖွဲ့တွေက ကန့်ကွက်ကြပေမယ့် ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေကပါ ထောက်ခံနေကြပါတယ်။
2017-11-09
ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ထပ်တိုးဘတ်ဂျက်တွေကို တောင်းခံရာမှာ စက်မှုဝန်ကြီးဌာနပိုင် “မြင်းခြံသံမဏိစက်ရုံ” ကို စမ်းသပ်လည်ပတ်ဖို့အတွက် ငွေကျပ် ၄ ဘီလီယံကို ဝန်ကြီးဌာနက တောင်းခံခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်ခဲ့ကြပါတယ်။
2017-11-09
လူငယ်လူရွယ်တွေ အကျင့်စာရိတ္တပျက်ပြားစေကာ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ တာတွေကြောင့် အိုင်တီနည်ပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက် ပါတယ်။
2017-11-09
အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားနေတဲ့ BROUK ခေါ် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှု စတာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။