သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-31
ရှေ့နေဦးကိုနီ သေဆုံးမှုအပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဖဲကြိုးနက်တွေ ဝတ်ဆင်ပြီး ဒီနေ့ လွှတ်တော် တက်ရောက်ခဲ့ကြပါတယ်။
2017-01-31
သေနတ်သမားတဦး အနီးကပ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ ဇန်နဝါရီလ (၃ဝ) ရက်နေ့၊ ဒီနေ့ ညနေ သဂြိုလ်ခဲ့ပါတယ်။
2017-01-31
တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင် က ပြောပါတယ်။
2017-01-31
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ ရှိချက်တွေနဲ့ နောက်ကွယ် က အကြောင်း အရင်းတွေရှိမယ်ဆိုရင် စစ်ဆေးဖော် ထုတ်ပြီး အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး က ပြောပါတယ်။
2017-01-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီး ရှားနိုင်ငံခရီးစဉ်ကနေ ပြန်လာပြီး ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က လုပ်ကြံခံလိုက်ရပါတယ်။
2017-01-28
ဇန်နဝါရီလ ၂၈ ရက် စနေနေ့ည အစီအစဉ်မှာတော့ "LGBT အခွင့်အရေး လှုပ်ရှားနေသူများ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျိုးကိုကိုစန်း (Transgender (Miss International Queen - 2014))နဲ့ ရှင်းသန့် (LGBT အခွင့်အရေး လှုပ်ရှားသူ) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-01-28
မွန်နိုင်ငံရေးပါတီ ၃ ပါတီကို တပါတီတည်းအဖြစ် ပေါင်းစည်းပေးကြဖို့ မွန်ပြည်နယ်၊ လမိုင်းမြို့ မော့ကနင်ကျေးရွာမှာ မွန်လူငယ်တွေ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
2017-01-28
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသ အဖွဲ့ဝင်ဟောင်းတွေ နဲ့ အလုပ်သမား အရေး ဆောင် ရွက်နေသူ ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ "ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး" ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် ကျောက်တံတားမြို့နယ် က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-01-28
ကလေးစာပေပွဲတော်ကို မန္တလေးမြို့ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် MIIT မှာ ဒီကနေ့ စတင်ဖွင့်လှစ် ကျင်းပခဲ့ရာမှာ သမ္မတဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။
2017-01-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံတချို့ရှေ့မှာ ကျူးကျော်တဲတွေ ထိုးပြီး လုပ်ငန်းရှင်တွေဆီကနေ အဓမ္မ ငွေတောင်းခံနေတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေနဲ့ အိုးအိမ်ဦးစီး ဌာန တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-01-28
ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ပြည်နယ်အတွင်း အသုံးပြုနိုင်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေစပြီး မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်တွေ ပြုလုပ်ပေးနေပါတယ်။
2017-01-28
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-01-27
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ "ကရင်နီအမျိုး သား ဒီမိုကရက်တစ်ပါတီ" က သိမ်းဆည်းထား တဲ့ မြေတွေကိုပြန်ပေးဖို့နဲ့၊ တောင်သူတွေအပေါ် တရားစွဲဆိုထားတာတွေကို ပြန်ပြီးစိစစ်ပေးဖို့အတွက် လွိုင်ကော်မြို့ ထူဒူငံသ ရပ်ကွက်က ဒေသခံတွေ ဇန်နဝါရီလ ၂၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-01-27
ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ ကားလမ်းကြောင်းတွေ အဆင်ပြေစေဖို့အတွက် စေတနာ့ဝန်ထမ်း ကူညီပေးနေသူတွေ တွေ့ဆုံပွဲကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ်က ဓမ္မပီယ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2017-01-27
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်နေတာမို့ ငြိမ်းချမ်းရေးရမယ်ဆိုတာ ယုံကြည် တဲ့အတွက် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းပြီး အလှူငွေကျပ် ၁၅ ဘီလီယံလောက်ကို လှူဒါန်းတာဖြစ်တယ်လို့ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်ရဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောပါတယ်။