သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဗာတီကန်နန်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk က ဦးဆောင်ပြီး ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-11-30
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့ထားတာကြောင့် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်း မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2017-11-30
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ မွတ်စလင်တွေ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ရသေ့တောင်မြို့နယ်မှာ အခြားဒေသမှာ နေထိုင်သူတွေက လာရောက်အခြေချဖို့ ကြိုးပမ်းလာတာတွေ ရှိလာနေပါတယ်။
2017-11-30
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နဲ့အတူ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင် ၂ သိန်းနီးပါးဟာ ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကစံအားကစားကွင်းမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
2017-11-30
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ လယ်ယာမြေတွေကို အချိန်မီ ရိတ်သိမ်းနိုင်ဖို့ အခက်အခဲ တွေ့နေကြပါတယ်။
2017-11-29
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်ကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံခြားသား သတင်းသမား ၂ ဦး နဲ့ မြန်မာနိုင်ငံသား ၂ ဦးကို နိုဝင်ဘာလ ၁ဝ ရက်နေ့က မောင်းသူမဲ့ ဒရုန်းအတွက် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပါတယ်။
2017-11-28
ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ ၄ ရက်တာ ကြာမြင့်မယ့် သမိုင်းဝင်ခရီးစဉ်အဖြစ်၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။
2017-11-27
ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နေရာရွေးချယ်မှုအခက်အခဲကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင်စေ့စပ်ပေးတဲ့အတွက် ပြေလည်မှုရရှိခဲ့ပါတယ်။
2017-11-27
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ... လနဲ့ချီပြီး မစောင့်ဆိုင်းရတော့ဘဲ ရက်ပိုင်းအတွင်းမှာ ထုတ်ပေးနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။
2017-11-27
၂ဝ၁၅ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား တစ်သန်းကျော် ရှိနေပါတယ်။
2017-11-27
မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
2017-11-27
“တရားဥပဒေစိုးမိုးရေးရှိမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မယ်” လို့ မဲဆွယ်စည်းရုံးပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးသလို၊ အထူးသဖြင့် လူမျိုးရေး ဘာသာရေးပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2017-11-27
ဝန်ကြီးဌာနအသစ်နှစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတက ပေးပို့ထားတဲ့ သဝဏ်လွှာကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အသစ်ခန့်အပ်ထားတဲ့ ဝန်ကြီးတွေဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။