သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-31
၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေး ပါတီတခု ပေါ်ပေါက်လာရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့က ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှာ ဒီကနေ့ပြုလုပ်ခဲ့ရာမှာ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ က ပုဂ္ဂိုလ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
2017-03-31
မန္တလေးမြို့မှာ လုယက်ရမ်းကားမှုတွေ ပိုမိုများပြားလာတဲ့အပေါ် လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အစီစဉ် ရှိ မရှိနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး မှာ ဒီကနေ့ မေးခွန်းမေးမြန်းခဲ့ပါတယ်။
2017-03-31
မကွေးတိုင်းအတွင်းမှာ နွေရာသီရောက်တိုင်း သောက်သုံးရေ ပြတ်လပ်တဲ့ ဒေသအတော်များများ ရှိနေပါတယ်။ မကွေးမြို့နယ်က လင့်မြင့်ကျေးရွာမှာ စက်ရေတွင်း ပျက်စီးနေတဲ့အတွက် သောက်သုံးရေ ရှားပါးနေတဲ့အကြောင်း RFA က မကြာသေးခင်က ထုတ်လွှင့်ခဲ့ပါတယ်။
2017-03-31
မိုးရာသီအတွင်း ရိက္ခာရှားပါးတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ကို ဆန်ရိက္ခာထောက်ပံ့ဖို့ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဝန်ထမ်းရေးရာ စတဲ့ လူမှုရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မေးခွန်း ၁၇ ကို ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မတ်လ ၃၀ရက်နေ့က မေးမြန်းခဲ့ကြပါတယ်။
2017-03-31
ဒီနေ့ခေတ် နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ လူငယ်အတော်များများ ပါဝင်ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ဒီလူငယ်တွေအနေနဲ့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြလဲ၊ ဘာတွေ ကူညီပံ့ပိုးသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မမေချိုလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-03-30
မတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနား မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ကချင်လူထုခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေး ကြတာဟာ အားရစရာကောင်းသလို ဘဝင်မကျစရာတွေလည်း ရှိတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော် က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေး သားခဲ့ပါတယ်။
2017-03-30
ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်အလိုမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြိုနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က အပြိုင်မဲဆွယ်စည်းရုံးနေကြပါတယ်။ RFA သတင်းထောက် ကျော်စိုးလင်း က တင်ပြထားပါတယ်။
2017-03-30
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ငွေကြေးသုံးစွဲမှု အခြေ အနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖို့ အစီအစဉ်ရှိ မရှိ မန္တလေး တိုင်းဒေသကြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လှိုင် က ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2017-03-30
နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေကို စည်ပင်ပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့ရာမှာ နစ်နာခဲ့တဲ့ တောင်သူတွေအတွက် ထောက်ပံ့ကြေး ကျပ်သိန်း ၉၄ဝဝ ကျော်ကို နေပြည်တော် စည်ပင်က တောင်သူတွေကို မတ်လ (၂၉) ရက်နေ့ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။
2017-03-30
ဒီနှစ် ရန်ကုန်သြင်္ကန်မှာ လုံခြုံရေး အစီအစဉ်တွေ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရုံးမှာ ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဦးဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။
2017-03-30
ရခိုင်ပြည်နယ်မှာ အချိန်အတော်ကြာရပ်နားထားခဲ့ရတဲ့ အစိုးရရဲ့ ခရီးသည်တင်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံက ခရီးသည်တင် သီးသန့်အမြန်ရေယာဉ် တစ်စီးကို ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ RFA သတင်းထောက် သန့်ဇင်ဦး က တင်ပြထားပါတယ်။
2017-03-27
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကို အသိပေးပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့က ရွာသား ၅၀ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားကြောင်း ဆားလင်းကြီးမြို့နယ်ရဲမှူး ဦးဌေးဝင်း က မတ်လ ၂၇ရက်နေ့က ပြောပါတယ်။
2017-03-27
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့နဲ့ ဒဂုံတက္ကသိုလ်တည်ဆောက်ဖို့ သိမ်းဆည်းခံ လိုက်ရတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လယ်သမား ၃ဝ ကျော် ဆန္ဒပြခဲ့ကြ ပါတယ်။
2017-03-27
ချင်းပြည်နယ်က "ချို" မျိုးနွယ်စု ချင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ ငယ်စဉ်က ပညာမသင်ကြားခဲ့ရတဲ့ အမျိုးသမီး အတော်များများ ရှိခဲ့ပါတယ်။