သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-21
လောက်ကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး လာတဲ့ ဒေသခံတချို့ကို လားရှိုးမြို့ မန်ဆူဘုန်းတော် ကြီးကျောင်းမှာ နေရာချထားပေးသလို၊ မြန်မာနိုင်ငံ နေရာ အနှံ့အပြားကနေ လောက်ကိုင်မှာ သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူတွေကိုလည်း ဌာနဆိုင်ရာ တွေ၊ လူမှုအသင်းအဖွဲ့တွေက ကူညီပေးနေပါတယ်။
2017-03-21
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်-၂ မှာရှိတဲ့ Sunday ကော်ဖီမစ်စက်ရုံက အလုပ်သမား ၅ ရာ ကျော်ဟာ သြင်္ကန်ပိတ်ရက် ၁ဝ ရက် ရရှိရေး အပါအဝင် အလုပ်သမားအခွင့်အရေး ရရှိဖို့အတွက် ဒီနေ့ ဆန္ဒပြ နေကြပါတယ်။
2017-03-21
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတာဝန်ရှိသူတွေနဲ့အတူ ပန်းရဲ့လမ်း တေးဂီတအဖွဲ့က ကျေးရွာတွေအထိ ဒီနေ့ မဲဆွယ်စည်းရုံးနေပါတယ်။
2017-03-21
ကချင်ပြည်နယ်မှာ သားသတ်လိုင်စင်တွေကို လေလံစနစ်နဲ့ ချပေးနေတာကို ဖျက်သိမ်းပြီး ဈေးခုံစနစ်နဲ့ ရောင်းချတဲ့စနစ် ကို လုပ်ဆောင်ပေးဖို့ အဆိုကို ပြည်နယ် လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2017-03-19
" မျက်မှောက် နိုင်ငံ့အရေး " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုမိုဃ်းသွေး (ဥက္ကဌ - Generation Wave)၊ ကိုထင်ကျော်အေး (သုတေ သနဒါရိုက်တာ - ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့) နဲ့ ကိုကျော်ခ (IRRAWADDY သတင်းဌာန) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-03-18
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာ ဖြိုး၊ အောင်ဝင်းဇော် နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ မတ်လ ၁၇ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
2017-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပန်းချီဆရာ ခိုင်မင်းထွန်းဟာ ရခိုင် ရှေးဟောင်းယဉ်ကျေးမှု ပတ်ဝန်းကျင်တွေကို ကမ္ဘာလှည့်ခရီးသွားတွေ အာရုံစိုက်လာအောင် ပန်းချီပညာနဲ့ ကြိုးပမ်းနေပါတယ်။
2017-03-18
"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပဋိပက္ခ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2017-03-18
ကယားပြည်နယ်အတွင်း လမ်းမတွေပေါ်မှာ အတားအဆီးတွေလုပ်ပြီး မော်တော်ယာဉ်တွေကို ဘီးခွန်ကောက်ခံတဲ့ ဝါးတားဂိတ်တွေကို ဖျက်သိမ်းပြီး၊ ဘီးခွန်ကောက်ခံတဲ့စနစ် ပြောင်းလဲဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။
2017-03-18
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-03-17
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန် မြို့ ပြည်လမ်း- တံတားနီအနီးမှာ မဆလ တပါတီအာဏာရှင် အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်း မှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီကနေ့ ပြည်လမ်း တံတားဖြူမှတ်တိုင်အနီးက အင်းလျားကန်ဘောင်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-03-17
ရန်ကုန်မြို့က သူနာပြုတက္ကသိုလ် သင်တန်းသူသင်တန်းသား တထောင်နီးပါး မတ်လ ၁၅ ရက်နေ့က ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-17
မဘသဆရာတော် ဦးဝီရသူ ပါရာဇိက ကျသွားပြီဆိုတဲ့ စာသားပါ သတင်းတင် တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Myanmar Now သတင်းဌာနက ကိုဆွေဝင်းကို မန္တလေးမြို့ အမှတ် ၇ ရဲစခန်းက ရဲအုပ်ကျော်သူက မနေ့က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးမှာ လာရောက်မေးမြန်း စစ်ဆေးခဲ့ပါတယ်။
2017-03-17
ပရဲ့ ကယော တိုင်းရင်းသားတွေရဲ့ အမျိုးသားကြားဖြတ်ညီလာခံကို ကယားပြည်နယ် ဖရူဆိုမြို့က ထီးတရဲခန်းမဆောင်မှာ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သုံးရက်တာကျင်းပခဲ့ပါတယ်။ မျိုးနွယ်စု တစ်ခုတည်းဖြစ်ပေမဲ့ ပရဲ့နဲ့ကယောဆိုပြီး နာမည်ကွဲပြားနေတာကြောင့် ပရဲ့ ကယော နာမည်တစ်မျိုးတည်းကိုသာ အသုံးပြု သွားဖို့ညီလာခံမှာဆုံးဖြတ်ခဲ့ပါတယ်။
2017-03-17
မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အစိုးရကိုတင်ပြတဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။