သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-10
ပြည်သူ့ဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးမယ်ဆိုပြီး ပြောင်းလဲလိုက်တဲ့စနစ်ဟာ သူနာပြုတွေအတွက် ထိခိုက်နစ်နာနေတဲ့ အတွက် ဒီစနစ်ကိုပြန်ရုတ်သိမ်းပေးဖို့ သူနာပြုတက္ကသိုလ် ကျောင်းသားတွေ က တောင်းဆိုလိုက်ပါတယ်။
2017-03-10
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ရဲ့ နောက်ဆက် တွဲ-၂ ပါ စီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော် မတီရဲ့ လေ့လာတွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်နဲ့ ပြင်ဆင်ဖြည့်စွက် ချက်တွေ အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
2017-03-10
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-03-10
Myanmar Now သတင်းဌာန သတင်းထောက်ချုပ် ကိုဆွေဝင်းကို မဘသ ဆရာတော် ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေ အမှတ်-၇ နယ်မြေရဲစခန်းမှာ မတ်လ ၇ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
2017-03-10
မသန်စွမ်းအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နည်းဥပဒေ ထွက်ရှိစေဖို့အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် တာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2017-03-10
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ထားတဲ့၊ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းဆောင်ရွက်ရာ မှာ လိုက်နာရမယ့် လုပ်ငန်းလမ်းညွန်ချက်တွေကို အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က လိုက်နာကျင့်သုံးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ မတ်လ ၉ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2017-03-10
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လက စစ်ကိုင်းတိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသမှာ ကူးစက်မြန် ဝက်သက်ရောဂါကပ်ဆိုး ကျရောက်ပြီး ကလေးငယ်တွေအပါအဝင် အမြောက်အမြား သေဆုံးခဲ့ပါတယ်။
2017-03-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ရထားလမ်းစီမံကိန်းအတွက်ဆိုပြီး လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူတွေက အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။
2017-03-09
ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်း မတ်လ ၆ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ နဲ့ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
2017-03-09
မန္တလေးတိုင်း မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး Ba Kaung Facebook အကောင့်မှာ ပြီးခဲ့တဲ့ ရေးသားခဲ့တဲ့အပေါ် အသရေဖျက်မှုနဲ့ Ba Kaung အကောင့်ပိုင်ရှင် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဦးဝီရသူရဲ့ တပည့်တစ်ဦးက ပုဒ်မ ၆၆ (ဃ) နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2017-03-09
မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော် MICC 2 မှာ ကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2017-03-09
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အလွယ်တကူ မဲ ပေးနိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး မဲအသိပညာပေး လုပ်ငန်းတွေကို ရန်ကုန်လှိုင်ယာသာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2017-03-09
မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ခုရဲ့ ဝန်ကြီးတွေအဖြစ် လက်ရှိအစိုးရအဖွဲ့နှစ်ဦးကို ယာယီခန့်အပ်ပေးဖို့ လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတာကြောင့် လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
2017-03-09
မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက အမျိုးသမီးတချို့ရဲ့ နေ့စဉ်စားဝတ်နေရေးရုန်းကန်တိုက်ပွဲဝင်နေပုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရိုက်ကူးတင်ပြထားပါတယ်။
2017-03-08
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့က မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီးနောက် ဒေသခံတွေ တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေသလို မကွေးတိုင်းကနေ ကြံလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေလည်း နေရပ်ပြန်ဖို့ စီစဉ်နေကြပါတယ်။