သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲတခုကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ယာက ဘောလုံးကွင်းမှာ မတ်လ (၂) ရက်နေ့ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2017-03-02
သံလွင်မြစ်ကိုဖြတ်ပြီး မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်မပေးဖို့အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ် ကညှော်ကျေးရွာမှာ ဒေသခံ ၃၀၀၀ လောက်က ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
2017-03-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကိုယ်စား လှယ်တွေ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်
2017-03-02
နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာဖို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားရေးအတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာပြုလုပ်ခဲ့ပါတယ်။
2017-03-02
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်က စက်ရုံဝင်ပေါက်တွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်းခံနေတာတွေကို အစိုးရထံ တိုင်ကြားပေမယ့် အရေးယူ ဆောင် ရွက်တာ မရှိသေးဘူးလို့ လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောပါတယ်။
2017-03-02
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က "ကံကောင်းခြင်းရတနာ" အထပ်သားစက်ရုံမှာ အလုပ်ချိန် လျှော့ပေးဖို့နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့ အလုပ်သမားတွေ ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။
2017-03-01
၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့၊ နိုဝင်ဘာလ အတွင်း အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-01
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2017-03-01
ပြီးခဲ့တဲ့ရက်ပိုင်းက ဝ,ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်းမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့ အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ်ကို ငြင်းပယ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်အသစ် နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2017-03-01
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် ဂုဏ်ပြုသတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ကန့်ကွက်သူရှိပေ မယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-03-01
NCA စာချုပ်မှာ လက်မှတ်မထိုးဘဲ UWSA ဝ,တပ်ဖွဲ့က ဦးဆောင်ပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ နိုင်ငံရေးဆွေးနွေး မှု ကော်မတီတရပ် ဖွဲ့စည်းမယ်လို့ ပန်ခမ်းညီလာခံက ဆုံးဖြတ်ထားပါတယ်။
2017-03-01
ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း ကွယ်လွန်ခြင်း တလပြည့်အထိမ်းအမှတ်နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းရှေ့မှာ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-03-01
လစ်လပ်နေတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြရာမှာ မွန်ပြည်နယ်လွှတ်တော်က မတ်လ (၁) ရက်နေ့ ဒီနေ့အတည်ပြုလိုက်ပါတယ်။