သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-30
စက်တင်ဘာလ ၃ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" လူမျိုး၊ ဘာသာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးဣဿရိယ (အလုပ်အမှုဆောင်ဆရာတော် - ငြိမ်းချမ်းမြန်မာ) နဲ့ ဦးအေးလွင် (Religions For Peace) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-09-30
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ယာဉ်တိုက်မှု အဖြစ်များနေပြီး ထိခိုက်ဒဏ်ရာတာ သေဆုံးတာတွေလည်း ရှိနေပါတယ်။
2017-09-30
ကျေးရွာအုပ်ချုပ်ရေးမှူး ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခံခဲ့ရတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် ကို ထောက်ခံကြောင်း ဒေသခံ ၅ ရာလောက်က ဒီကနေ့ မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာနဲ့ မော်လမြိုင်ရေပေါ်ဈေးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2017-09-29
ရခိုင်ပြည်နယ်ကိစ္စဟာ ကြိုတင်ကြံစည်ထားတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဂျင်မီက ပြောလိုက်ပါ တယ်။
2017-09-29
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် မီဂါဝပ်အား ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးစက်ရုံအကြောင်းနဲ့ ပြည်နယ်အတွင်း စီးပွားရေး တိုးတက်မယ့် အလားအလာအကြောင်းတွေကို ပြောပြထားပါတယ်။
2017-09-29
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာအနီးက ဟိန္ဒူဘာသာဝင် ရုပ်အလောင်းတွေ တူးဖော်တွေ့ရှိတဲ့နေရာကို တပ်မတော်ရဲ့ အစီအစဉ်နဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ စက်တင်ဘာလ ၂၇ရက်နေ့က သွားရောက်သတင်းယူခဲ့ကြပါတယ်။
2017-09-29
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း သက်စွန့်ဆံဖျား သတင်းယူခဲ့ကြတဲ့ Burma VJ မြန်မာရုပ်သံ သတင်းထောက်အဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ Burma VJ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို မနေ့က မြန်မာပြည်တွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ပြသခဲ့ပါတယ်။
2017-09-28
ရှမ်းပြည်နယ်အတွင်းမှာ တောင်သူတွေဟာ ပိုး သတ်ဆေး ပေါင်းသတ်ဆေးတွေကို စနစ်တကျ အသုံးပြုမှု အားနည်းနေတဲ့အတွက် နောက်ဆက်တွဲ အနေနဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
2017-09-28
အစိုးရအနေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့တွေမှာ လူငယ်တွေ လေ့လာသင်ယူနိုင်မယ့် လူငယ်စင်တာတွေ ဖွင့်လှစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
2017-09-27
လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့ဂေဟာတွေနဲ့ သင်တန်းကျောင်းတွေမှာ အနိမ့်ဆုံးရှိရမယ့် ပြုစုစောင့်ရှောက်ခြင်းနဲ့ အကာအကွယ်ပေးခြင်း ဆိုင်ရာ စံချိန်စံညွှန်းတွေကို အသစ်ပြင်ဆင်ရေးဆွဲ ပြီး ထုတ်ပြန်လိုက်ပါတယ်။
2017-09-27
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှု ပိုများလာနိုင်တဲ့ အတွက် ကျန်းမာရေးဌာနအနေနဲ့ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို လာမယ့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2017-09-27
မောင်တောဒေသက ARSA အကြမ်းဖက်အဖွဲ့ဟာ မွတ်စလင်အသိုင်းအဝိုင်းကို ကိုယ်စားမပြုကြောင်း၊ မွတ်စလင် အသိုင်းအဝိုင်းအနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့၊ တစ်ချိန်တည်းမှာပဲ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းအောင်းနေကြရတဲ့ မွတ်စလင်တွေကို အစိုးရက ထိထိရောက်ရောက် အကူအညီပေးစေလိုကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောလိုက်ပါတယ်။
2017-09-26
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကွန်ပျူတာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ တီထွင် ဖန်တီးထားတဲ့ နည်းပညာတွေ မိတ်ဆက်ပွဲကို လားရှိုးကွန်ပျူတာက္ကသိုလ်မှာ ပထမဦးဆုံးအနေနဲ့ ကျင်းပခဲ့ပါတယ်။
2017-09-25
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ ဓမ္မပီယကျောင်းတိုက်မှာ စက်တင်ဘာလ ၂၅ရက်နေ့က ကျင်းပပြီး ရွှေတိဂုံစေတီတော်ပေါ်မှာ သွားရောက်မေတ္တာပို့ခဲ့တဲ့ ရွှေဝါရောင်သံဃာတွေနဲ့ လူပုဂ္ဂိုလ်အချို့ဟာ ဘုရားအရှေ့ဘက်မုဒ်မှာ ၁နာရီကျော်လောက် တားဆီးခံခဲ့ရပြီးမှ ဘုရားပေါ်တက်ခွင့်ရခဲ့ပါတယ်။
2017-09-25
"ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း" ဟာ ရခိုင်ပြည်နယ်မှာ ပညာရေး ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။