သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-31
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ ရွာသား ၁၅၀၀ ကျော်ဟာ နေရပ်ပြန်လိုကြပေမယ့် နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေပါတယ်။
2018-12-30
ရတနာပုံတက္ကသိုလ်မှာ မနေ့က ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူပြီး မန္တလေး အိုးဘိုထောင်ကို ပို့လိုက်ပါတယ်။
2018-12-30
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ဖရဲနဲ့ သခွားမွှေးကားတွေ ပိတ်ဆို့မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
2018-12-30
၂ဝ၁၈ ဒီဇင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ဇီးပင်ကြီးစစ်တမ်းနဲ့ မြန်မာအစိုးရဝန်ထမ်းလေ့ကျင့်ရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-12-28
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးမှာ ဒီနေ့မနက်ကစလို့ ကလေးစာပေပွဲတော်ကို ကျင်းပနေပါတယ်။
2018-12-27
ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အထိမ်းအမှတ်အဖြစ် သမိုင်းဌာန ပြတိုက်ဖွင့်လှစ်တဲ့ အခမ်းအနားကို ဒီနေ့ မန္တလေးတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-12-27
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင်ကျေးရွာက မိဘမဲ့ကလေးတွေ၊ စစ်ဘေးဒုက္ခသည် ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ ကမ္ဘောဇသိင်္ဂီ သီလရှင်စာသင်ကျောင်းအတွက် အစားအသောက်နဲ့ ပညာသင်စရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
2018-12-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ လွင့်လာတဲ့ အက်စစ်ငွေ့တွေ့နဲ့ ကျောက်မှုန့်တွေကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေက ကွမ်းခြံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2018-12-26
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနက လွှဲပြောင်းရယူလိုက်ပါတယ်။
2018-12-26
မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက မြေလွတ်မြေရိုင်းနဲ့ လယ်မြေဧက ၅၅ဝ မှာ Orchard ကုမ္ပဏီရဲ့ ငါးမွေးမြူရေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။
2018-12-26
တရုတ်နိုင်ငံကို တင်ပို့တဲ့ မြန်မာနိုင်ငံထွက် ဖရဲ၊ သခွားမွှေး ကုန်သည်တွေကို တရုတ်နယ်စပ်ဂိတ်က စစ်ဆေးမှုတွေ တင်းကြပ်တာကြောင့် သစ်သီးကုန်သည်တွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
2018-12-26
ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဂျန်မိုင်ကောင့် KBC နဲ့ ကဘူဒမ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ဆင်နွဲှကြပါတယ်။
2018-12-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လေယာဉ်သုံး တိုက်ခိုက်တာမရှိဘူးလို့ သမ္မတရုံးက ပြောဆိုပေမယ့် မြေပြင်မှာတော့ ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။
2018-12-25
ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အယူခံအတွက် ဒီကနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် တင်ခဲ့ကြပါတယ်။
2018-12-21
ကမ္ဘာတဝှမ်းမှာ သတ်ဖြတ်ခံရတဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF နဲ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။