သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-31
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး တို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-12-30
၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နှစ်တစ်နှစ်ပါ။ တကမ္ဘာလုံးနည်းတူ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကို အလူးအလဲခံရင်း ဒီမိုကရေစီစနစ်မှာ အဓိကကျတဲ့ ရွေးကောက်ပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ရတာဖြစ်ပါတယ်။
2020-12-25
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေဟာ ဒုက္ခသည်စခန်းမှာ လုံခြုံရေးလိုအပ်ချက်တွေအပြင် တခြားအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
2020-12-24
တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ဒေသမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရသူတွေ ၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ လှုပ်ရှားနေတဲ့ အဲဒီနေရာမှာ မြေမြှုပ်မိုင်း ရှင်းလင်းဖျက်ဆီးမှု မရှိသေးတာကြောင့် ဒေသခံတောင်သူတွေ ခြံမသွားရဲဘဲ အထိတ်တလန့်ဖြစ်နေတုန်းပါ။
2020-12-24
ဒီတပတ်မှာတော့ ရန်ကုန်၊ တောင်ငူ၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ဖုန်းနဲ့ ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင် က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-12-18
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူအများစု ဝင်ငွေနည်းလာတာကြောင့် ရတဲ့အလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။ ကယားပြည်နယ်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသမှာ နေထိုင်သူတွေကတော့ ဖားဆောင်းမြို့နယ်အတွင်း ခဲသတ္တု ရှာဖွေတဲ့နည်းနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတာပါ။
2020-12-18
မြန်မာနိုင်ငံမှာ ကားအသစ်ဝယ်ပြီး သုံးစွဲတာထက် တပတ်ရစ်ကားတွေကိုပဲ ဝယ်စီးကြတာ များပါတယ်။ ဒါပေမဲ့လည်း သင့်တင့်တဲ့ အရည်အသွေးနဲ့ ဒီဇိုင်းဆန်းတွေကြောင့် တရုတ်နိုင်ငံလုပ် ကားသစ်ဝယ်ယူမှုတွေ အခုနှစ်ထဲမှာ ပိုမိုများပြားလာခဲ့ပါတယ်။
2020-12-18
ချင်းပြည်နယ် (မြောက်ပိုင်း)မှာ လေထန်ကုန်းလို့ လူသိများတဲ့ ထန်မွောန်တောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ အလှပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။
2020-12-17
RFA ပေးစာ ပြန်စာအစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-12-14
နေအိမ်အပြင်မထွက်ရတဲ့ ကပ်ရောဂါကာလမှာ ဖိနပ်ချုပ်အလုပ်ကို နှစ် ၃၀ ကြာလုပ်ကိုင်လာတဲ့ ဦးခမ်းလျန်ကမ်းရဲ့ ဖိနပ်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှုတွေက ကြီးမားပေမယ့် ဖခင်ရဲ့ လက်ဆင့်ကမ်းအမွေ ဒီလုပ်ငန်းကို စွန့်ခွာချင်စိတ် မရှိတာကြောင့် ကပ်ရောဂါအမြန်ပြီးဆုံးဖို့ သူဆုတောင်းနေပါတယ်။
2020-12-11
ကလေးတစ်ယောက် လူလားမြောက်ဖို့ဆိုရင် မိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်ထိန်းကျောင်းမှုက အများကြီး အရေးပါပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှာတော့ ၃၂ နှစ်အရွယ် ကရင်တိုင်းရင်းသူတစ်ဦး မကြာသေးခင်က ဆုံးပါးသွားရာမှာ တစ်နှစ်ကျော်အရွယ် အမြွာမောင်နှမနဲ့ သူတို့ရဲ့ အကိုနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
2020-12-11
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တခြားဒေသတွေထက် ဆက်ကြေးတောင်းတဲ့ဒဏ်ကို ပိုပြီး ခံနေရပါတယ်။ ဒီအခြေအနေကို ရှမ်းပြည်မြောက်ပိုင်းနဲ့ ကပ်လျက်က မန္တလေးတိုင်း မိုးကုတ်မြို့မှာပါ ရင်ဆိုင်နေရပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ ကပ်ဘေးကာလမှာ ဆက်ကြေးတောင်းခံတာတွေ လျှော့ပေါ့ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
2020-12-10
ဒီတစ်ပတ်မှာတော့၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-12-04
မြန်မာနိုင်ငံမှာ ကန့်သတ်ရက်လွန် ဆေးဝါးသုံးစွဲမှုတွေ အများအပြားရှိနေပါတယ်။ တချို့ဆေးဝါးတွေက ကန့်သတ်ရက် ကျော်လွန်သွားရင် ဆေးအဖြစ်ကနေ အဆိပ်အတောက် ဖြစ်စေတဲ့အထိ အန္တရာယ်ကြီးပါတယ်။
2020-12-04
COVID-19 ကပ်ရောဂါကာလအတွင်း စီးပွားရေးထိခိုက်မှုတွေ အများအပြားကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စားသောက်ဆိုင်လို အသေးစားလုပ်ငန်းတွေက အပြီးရပ်နားရမယ့် အခြေအနေတွေရင်ဆိုင်နေရပါတယ်။