သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-05
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် မကွေးတိုင်း ပွင့်ဖြူမြို့၊ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့၊ ရန်ကုန်တိုင်း လှည်းကူးမြို့၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ပုဏ္ဏားကျွန်းမြို့၊ ပြည်ပရောက် RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2020-10-30
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်းမှာ သေဆုံးဒဏ်ရာရတဲ့ အရပ်သားတွေ တိုးလာနေပါတယ်။ ကျည်ဆံတွေကြား အသက်သေဆုံးရသူတွေရဲ့ မိသားစုတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်သလို၊ အသက်မသေပေမဲ့လို့ တသက်တာဒဏ်ရာတွေကို ကုစားဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
2020-10-30
ကမ္ဘာမှာ အမျိုးသမီး နှစ်သန်းကျော်ဟာ ရင်သားကင်ဆာဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရင်သားကင်ဆာအတွက် ကာကွယ်ဆေးမရှိပေမဲ့ ရောဂါနုစမှာ ဂရုတစိုက် ကုသရင် ရာနှုန်းပြည့်နီးပါး ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
2020-10-30
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှုဟာ နှစ်စဉ် ဧက တစ်သိန်းခွဲလောက် ရှိခဲ့လို့ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပဲခူးရိုးမတောအတွင်း သစ်ထုတ်လုပ်မှုကို ၁ဝ နှစ်တာ ရပ်နားခဲ့ပါတယ်။
2020-10-30
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ရောဂါကူးစက်ခံလူနာတွေ ထားရှိတဲ့ ဆေးရုံတွေနဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ MCC က ဦးဆောင်ပြီး လူငယ်စေတနာ့ဝန်ထမ်း ငါးရာကျော်က အကူအညီပေးနေပါတယ်။
2020-10-23
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-10-23
မသန်စွမ်းတွေရဲ့အခွင့်အရေးကို လွှတ်တော်ထဲကနေ တောင်းဆိုနိုင်ဖို့ ရွေးကောက်ပွဲဝင်တာလို့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချောစုလှိုင် က ပြောပါတယ်။
2020-10-23
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားဖို့ စတင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်ကစပြီး ကျင်းပလာတာ လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ဆိုရင် ၃ ကြိမ်ဖြစ်တော့မှာပါ။
2020-10-22
ကိုဗစ်ဒုတိယလှိုင်းကာလလို့ခေါ်ကြတဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာဆိုရင် ဗုဒ္ဓဘာသာ သီလရှင်တွေဟာ ဆွမ်းခံမထွက်ရသလို၊ လှူဒါန်းတဲ့ အလှူရှင်တွေကလည်း နည်းနေတာကြောင့် အခက်ခဲ ဖြစ်နေကြပါတယ်။
2020-10-22
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရမ်းဗြဲမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မတ္တရာမြို့၊ ရန်ကုန်တိုင်း ရန်ကုန်မြို့က RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2020-10-16
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်မိုးရာသီ ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ယာမြေဧက ငါးသောင်းနဲ့အထက်ရှိခဲ့ပြီး စိုက်ပျိုးထားတဲ့ စပါးတွေကိုလည်း စစ်ပွဲတွေကြောင့် အပြည့်အဝ မရိတ်သိမ်းနိုင်မှာကို တောင်သူတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။
2020-10-16
တရုတ်နိုင်ငံလုပ် ဆေးဝါးတွေက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် နေရာယူထားတာကြာပါပြီ။ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးကိုလည်း တရုတ်နိုင်ငံက ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။
2020-10-16
မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ရှိနေပါတယ်။ မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ကြဖို့နဲ့ ကပ်ဘေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေကို ကူညီကြဖို့ တိုက်တွန်းကြပါတယ်။
2020-10-16
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မွန်ပြည်နယ်မှာ အပြိုင်အဆိုင် မဲဆွယ်နေကြတဲ့ နိုင်ငံရေးပါတီတွေထဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUP ကြား ပြိုင်ဆိုင်မှုကတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။
2020-10-09
ကပ်ဘေးကြောင့် ကဏ္ဍအသီးသီးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုလည်း ဈေးကွက် ကမောက်ကမ ဖြစ်တဲ့အတွက် ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းသွားတယ်လို့ သိရပါတယ်။