သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-31
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါပြီ။ တရုတ်နဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီလကုန်အထိ ရောဂါကူးစက်တာ မရှိသေးဘူးလို့ အစိုးရအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
2020-01-31
ရခိုင်ပြည်နယ်က မြောက်ဦး- ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး၊ အမွေအနှစ်ထိန်းသိမ်းရေး ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေပါတယ်။
2020-01-31
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တိုင်ကြားထားတဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးတက်ပြီး ရင်ဆိုင်ခဲ့တဲ့အတွက် ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ ပိုမြင့်မားလာတာ တွေ့ရပါတယ်။
2020-01-31
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-01-30
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးခံခဲ့ရတဲ့ မြန်မာအမျိုးသမီးအများစုဟာ တရုတ်နိုင်ငံသားတွေရဲ့ ဇနီးအဖြစ် ရောင်းစားခံခဲ့ကြရတာပါ။ တရုတ်အမျိုးသားတစ်ဦးနဲ့ နှစ်နှစ်နီးပါး အလိုမတူဘေဲ ပေါင်းသင်းခဲ့ရပြီး ကလေးတစ်ယောက်လည်း မွေးဖွားပေးခဲ့ရတဲ့ တောင်ငူခရိုင်က အသက် ၁၇ နှစ်အရွယ် မိန်းခလေးတစ်ဦးအကြောင်း တင်ပြထားပါတယ်။
2020-01-30
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တရုတ်နိုင်ငံ၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတွေနဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2020-01-28
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့နှံ့လာမယ့်အရေးကို တားဆီးဖို့အတွက် တရုတ်-မြန်မာနယ်စပ် မူဆယ်စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ထမ်းတွေ မြို့ခံပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-01-26
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆင်းရဲပင်ပန်းတာကြောင့် အမှိုက်ပုံတွေဆီကနေ ရရှိတဲ့ အစားအစာကို မှီခိုနေရတဲ့ မိသားစုအကြောင်း RFA က ဇန်နဝါရီလ ၂၂ ရက်နေ့ကထုတ်လွှင့်ခဲ့ပြီးနောက် အဲဒီမိသားစုဟာ မနေ့က အလှူရှင်တွေရဲ့ အကူအညီကိုရရှိခဲ့ပါတယ်။
2020-01-24
၁၉၆၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာ ဗလီဝတ်ကျောင်းတော်တွေကို တရားဝင်ချပေးတာတွေ မရှိတော့လို့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။
2020-01-24
ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနေရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဧရာဝတီတိုင်းက ကိုင်းသောင်ကျွန်းဟာ ပင်လယ်ရေမျက်နှာပြင်နဲ့ တပြေးတည်း တည်ရှိနေတဲ့ကျွန်းပါ။
2020-01-24
ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ နှစ်အတော် ကြာလာခဲ့ပေမဲ့ အခုချိန်ထိ မစနိုင်ဘဲဖြစ်နေပါတယ်။
2020-01-24
ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုဟာ အစိုးရဲ့ အင်တာနက်ဖြတ်တောက်ထားတာကို ခံနေရတာ အခုဆိုရင် အချိန်ခြောက်လကျော် ကြာလာခဲ့ပါပြီ။
2020-01-24
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို လက်မှတ်ထိုးခဲ့ပါတယ်။
2020-01-23
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ ပြည်ပြည်ဆိုင်ရာ တရားရုံးက ကြားဖြတ်အမိန့်လေးချက်ကို ချမှတ်လိုက်ပါပြီ။
2020-01-23
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မလေးရှား နိုင်ငံမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့စာတွေထဲက တင်ပြပေးသွား မှာဖြစ်ပါတယ်။