သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-27
မကွေးမြို့နဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့နေရာမှာ လူဦးရေတစ်သောင်းကျော်က သောက်သုံးရေအတွက် အဓိက မှီခိုနေရတဲ့ လက်ဆယ်ကန်ကြီး တိမ်ကောခါနီးနေလို့ ဒေသခံတွေ အခက်တွေ့နေတဲ့အကြောင်း RFA က ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
2020-06-26
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြုလူနာ ၁၀ ဦးအထိ ရှိလာနေပြီး တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာလည်း နယ်စပ်ကနေ ခိုးဝင်သူတွေကတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ လာမယ့်အရေးကို စိုးရိမ်နေကြပါတယ်။
2020-06-26
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ ဒေသခံတောင်သူ ၄၇ ယောက်ကို တပ်ပိုင်မြေကျူးကျော်မှုနဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခိုလမ်အခြေစိုက်တပ်ရင်းက တရားစွဲထားပါတယ်။
2020-06-26
တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း ကူးစက်ခံရသူ ၉ သန်းနီးပါး ရှိနေပါပြီ။ ဒီကပ်ရောဂါကြောင့် တရုတ်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ကြီးမားတဲ့ အဖုအထစ်တွေ ဖြစ်နေပါတယ်။
2020-06-26
သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့၊ ဆင်ခြေထောက်ရောဂါ စတဲ့ရောဂါ (၁၁) မျိုးလောက်ဟာ ရောဂါပိုး သယ်ဆောင်တတ်တဲ့ ခြင်တွေကတဆင့် ပြန့်ပွားတာဖြစ်ပါတယ်။ ခြင်ပေါတဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးကတော့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါတွေပါပဲ။
2020-06-25
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-19
လေဖြတ်ရောဂါဟာ လူ ၆ ဦးမှာ ၁ ဦးနှုန်း ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံမှာလည်း သေဆုံးမှု အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ လေဖြတ်တာဟာ အချိန်တိုအတွင်း အရေးပေါ်ကုသမှု မခံယူရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
2020-06-19
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံက တင်ပို့တဲ့ ဖရဲသခွားတွေကို တရုတ်နိုင်ငံဘက်က သိသိသာသာလျှော့ ချနေတာကြောင့် မြန်မာနိုင်ငံက ဖရဲသခွားတောင်သူတွေတင်မက သီးနှံကုန်သည်တွေပါ စီးပွားရေး အထိနာနေကြပါတယ်။
2020-06-19
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက မောင်ကျော်စိုးဝင်းဟာ လက်နက်ကြီးကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူပါ။ သူဟာ ကျန်ရှိနေတဲ့ သူ့ရဲ့ဘဝခရီးကို မသန်စွမ်းသူအဖြစ် ဖြတ်ကျော်ဖို့ တွေးပူနေပါတယ်။
2020-06-19
ဇွန်လ ၁၆ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ "အိမ်အကူအလုပ်သမားများနေ့" ဖြစ်ပါတယ်။ မေ့လျောခံ အိမ်အကူအလုပ်သမားတွေ လိုအပ်တဲ့ အကာအကွယ်ရဖို့၊ အခွင့်အရေး အပြည့်အဝရဖို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ်။
2020-06-19
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-14
အိမ်တွေ၊ ဈေးတွေကနေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ၊ ပုပ်သိုးကုန်ပစ္စည်းတွေကို ဘိုကာရှီနည်းပညာ (Bokashi) နဲ့ သဘာဝဓာတ်မြေသြဇာအဖြစ် နိုင်ငံတကာမှာ ထုတ်လုပ်သုံးစွဲနေသလို၊ မြန်မာနိုင်ငံမှာလည်း ထုတ်နေပါပြီ။
2020-06-12
မြန်မာနိုင်ငံမှာ တောရောမြို့ပါမကျန် လူအများစု ဈေးသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲနေကြတဲ့ တရုတ်နိုင်ငံလုပ် စမတ်ဖုန်းတချို့ဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။
2020-06-12
အခုနှစ်ဆန်းပိုင်းကစပြီး တရုတ်နိုင်ငံဘက်က ဆန်တင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် မြန်မာနိုင်ငံက ဆန်ကုန်သည်တွေ အခက်အခဲ တွေ့နေပါတယ်။
2020-06-12
လူနေထူထပ်တဲ့ ရန်ကုန်ရဲ့ အထပ်မြင့် တိုက်ခန်းကျဉ်းတွေမှာ နေထိုင်သူတွေ၊ ကလေးငယ်တွေအတွက် နောက်ဖေးလမ်းကြားတချို့မှာ အပန်းဖြေကစားစရာနေရာတွေ ပေါ်ထွက်လာပါပြီ။