သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-31
RFA က ၂ ပတ်တကြိမ် တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-07-31
တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က အရပ်သားတွေအပေါ် သံသယရှိရုံနဲ့ ဖမ်းဆီးထိန်းသိမ်းခွင့် ပြုထားတဲ့ "စစ်ဆင်မှု အထူးစီမံချက် အက်ဥပဒေ" ကို ပြင်ဆင်ပယ်ဖျက်သင့်ပြီလို့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။
2020-07-31
မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေမှာ မော်တော်ယာဉ်သုံးစွဲမှုတွေ သိသိသာသာ များလာတာကြောင့် လေထုညစ်ညမ်းမှု တနေ့တခြား ဆိုးဝါးလာနေပြီး ကျန်းမာရေးထိခိုက်တဲ့အဆင့်ကို ရောက်နေပြီလို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
2020-07-31
၂၁ ရာစုရဲ့ နည်းပညာအသီးအပွင့်တွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ ဆိုရှယ်မီဒီယာနဲ့၊ ဗီဒီယိုဂိမ်း ... စတဲ့ပစ္စည်းတွေကို လူငယ်အများစုက သုံးစွဲနေကြပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်လို့ ခေါ်တဲ့ ဒီပစ္စည်းတွေကို သုံးရာမှာ လိုအပ်တဲ့ အကွာအဝေးနဲ့ အချိန်အကန့်အသတ်ကို သတိမမူကြတဲ့အတွက် မျက်စိဝေဒနာ ဖြစ်ပွားသူတွေလည်း များလာနေပါတယ်
2020-07-31
စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အခြေခံလူတန်းစား အများစုအနေနဲ့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းနေသလို မသိတဲ့သူတွေလည်း ရှိနေပါတယ်။
2020-07-31
မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေကြတဲ့ တယ်လီဖုန်းတွေဟာ တရုတ်နိုင်ငံလုပ် တယ်လီဖုန်းတွေပါ။ တရုတ်လုပ်ဖုန်းတွေဟာ အရည်အသွေးလည်းကောင်း ဈေးလည်း သက်သာတာကြောင့် မြန်မာနိုင်ငံဈေးကွက်မှာ အောင်အောင်မြင်မြင်နဲ့ ထိုးဖောက် နေရာယူထားတာပါ။
2020-07-30
RFA ပေးစာပြန်စာ အစီအစဉ်ကို ထုတ်လွှင့်တော့မှာဖြစ်ပါတယ်။
2020-07-24
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် မိဘတွေနဲ့အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေဟာ အတန်းပညာသင်ကြားဖို့ အခက်အခဲဖြစ်နေရပါတယ်။
2020-07-24
တပ်မတော်ကနေ အရပ်ဖက် အစိုးရဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ခန့်ထားတဲ့ အငြိမ်းစား တပ်မတော်သားတွေ အနေနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေတဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
2020-07-24
တရုတ်ကုမ္ပဏီတခုက ပိုင်ဆိုင်တဲ့ Tik Tok ဗီဒီယို Application ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူနိုင်တယ်ဆိုပြီး နိုင်ငံတကာ အစိုးရတချို့က Tik Tok ကို ပိတ်ပင်ဖို့ ပြောဆိုတာတွေ ရှိနေပါတယ်။
2020-07-24
နေပြည်တော်ကို အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ် လိုက်ပြီးနောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်ကနေ ဒီမိုကရေစီ အစိုးရ နှစ်ဆက်တိုင်တိုင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ မြေကွက်ရယူတာတွေ ရှိနေပါတယ်။
2020-07-22
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-07-17
ကပ်ရောဂါကာလ အကန့်အသတ်တွေကြားမှာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတချို့အတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေဟာ အစဉ်အလာထက် ခေတ်နဲ့အညီ အွန်လိုင်းနည်းပညာဘက်ကို အားထားလာတာ တွေ့ရပါတယ်။ ဒီ့အတွက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကြားမှာ ဘယ်လို စိန်ခေါ်မှုတွေရှိနေပါသလဲ....။
2020-07-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသက်တမ်း ၅ နှစ် ကုန်လွန်တော့မှာ ဖြစ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ကျေနပ်အားရမှု မရှိသလောက်ပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
2020-07-17
NLD အစိုးရတက်လာပြီးနောက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် တိုးတက်လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အစိုးရသက်တမ်း ၄ နှစ်ကျော်လို့ သက်တမ်းကုန်ဖို့ သိပ်မလိုတော့တဲ့အချိန်ထိ ဖြစ်မလာခဲ့ပါဘူး။