သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်လာနေပြီး သေဆုံးမှုတွေလည်း များလာနေပါတယ်။
2021-07-17
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ကပ်ရောဂါကအခြေအနေကြောင့် အင်အားလျော့ပါးသွားပေမယ့် နေ့စဉ်ရက်ဆက်မပျက် ချီတက်ပြီး ၂၀၂၁ ဇူလိုင် ၁၇ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-07-13
ကနီမြို့နယ်က တောထဲတစ်နေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရပ်သားတွေအတွက် စစ်ကောင်စီကို ဆက်ပြီး ခုခံတော်လှန်သွားမယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
2021-07-11
စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါ ဂယက်ကြောင့် အထည်ချုပ်စက်ရုံ အတော်များများ ပိတ်လိုက်ရတဲ့အပြင် နိုင်ငံခြားကုမ္ပဏီတချို့ကလည်း မြန်မာစက်ရုံတွေကနေ မမှာတော့ဘဲ ထွက်ခွာသွားကြတဲ့အတွက် အထည်ချုပ်စက်ရုံတွေ ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။
2021-07-09
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရပြီး မပြေးနိုင်တဲ့ PDF အဖွဲ့ဝင်တချို့ကို ဦးခေါင်းတေ့ပြီး ပစ်ခံထားရတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-07-08
မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ ဇူလိုင်လ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းသပိတ် စစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2021-07-07
ဆဲဗင်းဇူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှု ဇူလိုင်လ ၇ ရက်နေ့ မဟာဗန္ဓုလလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော လူငယ်များ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
2021-07-06
တောင်သာမြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ သေဆုံးသွားတဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို ဒေသခံပရဟိတအဖွဲ့က သွားရောက်သယ်ယူခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။
2021-07-06
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဇူလိုင် ၆ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-07-03
စစ်ကောင်စီဥက္ကဋ္ဌ မွေးနေ့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေ စုပေါင်းပြီး ဇူလိုင် ၃ ရက်နေ့၊ ဒီနေ့မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းမပေါ်မှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
2021-07-03
ရန်ကုန်မြို့ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ၂၀၂၁ ဇူလိုင် ၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-07-02
စစ်ကောင်စီ အုပ်ချုပ်ရေးရဲ့ တရားစီရင်မှုနဲ့ သေဒဏ် ချမှတ်ခံရသူတွေထဲမှာ တောင်ဒဂုံမြို့နယ်က ဒေါ်စန်းစန်းအေး ရဲ့ သားလေးယောက်လည်း ပါဝင်ခဲ့ပါတယ်။ သားလေးယောက် သေဒဏ်ချမှတ်ခံရထားတဲ့ မိခင်ဖြစ်သူရဲ့ ခံစားချက်ကို မခင်မိုးညိုက တင်ပြထားပါတယ်။
2021-07-02
မန္တလေးတိုင်း၊ မန္တလေးမြို့ မန္တလာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းပြီး ၂၀၂၁ ဇူလိုင်လ ၂ ရက် ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-07-01
ဆေးဝါးတွေရဲ့ အရည်အသွေးမပျက်စီးဖို့ အလွန်အဓိကကျတဲ့အရာကတော့ ဆေးဝါးထားသိုမှုပုံစံပဲ ဖြစ်ပါတယ်။ ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ အဆင့်တိုင်းမှာ ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အပူချိန်နဲ့ စိုထိုင်းဆအတိုင်းထားသိုဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဝါးထားသိုမှုနဲ့ ပတ်သက်လို့ အားနည်းချက်တွေရှိနေပါတယ်။
2021-07-01
ရန်ကုန်မြို့က လူငယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းပြောက်ကျားသပိတ်စစ်ကြောင်းဟာ ဖမ်းဆီးမှုတွေ ရှိပေမယ့်လည်း ဇူလိုင် ၁ ရက်၊ ဒီနေ့ ညနေမှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကြွေးကြော်သံတွေနဲ့အတူ ချီတက် ဆန္ဒပြခဲ့ပါတယ်။