သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-28
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော် နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရတာဖြစ်ပါတယ်။
2021-10-22
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက် အင်းလေးကို ခရီးသွားတွေ မလာတော့တာကြောင့် ဆေးလိပ်လိပ်သမား ဒေါ်ခင်ပြုံးရီရဲ့ မိသားစုဟာ ဝင်ငွေခက်ခဲလာပြီး ထမင်းတစ်နပ်လျှော့စားနေရတာ ဒီနေ့ဆို အချိန်ရှစ်လကျော်ရှိလာပါပြီ။
2021-10-21
ကယားပြည်နယ်မှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရင်း သမီးလေးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ကရင်နီဆေးမှူး မော်စေးမြာဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ် အနီးက ကရင်နီ ဒုက္ခသည်စခန်းတစ်ခုမှာ ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်။
2021-10-20
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးမယ့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၆၄၇ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်လွှတ်ပေးခဲ့သလို အမှုရင်ဆိုင်နေရသူ ၄၀၀ ကိုလည်း မနေ့က စတင်လွှတ်ပေးနေတယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
2021-10-15
ဒူးဆစ်အကျော်လေးသာရှိတဲ့ ညာခြေထောက်နဲ့ထိန်း၊ ဘယ်ခြေထောက်က စုတ်တံကိုင်ပြီး ယွန်းဗူးလေး တစ်ဗူးကို လှပအောင် ပန်းချယ်နေတဲ့သူက အင်းလေးဟဲယာရွာမက အသက် ၄၃ နှစ်အရွယ် မသန်စွမ်းသူ ကိုထွေးပါ။
2021-10-14
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က မီးရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒေါ်အေးရီဟာ သူမရဲ့တစ်ဦးတည်းသော သားဖြစ်သူ ပြန်လာမယ့်လမ်း ကို စောင့်မျှော်နေပါတယ်။
2021-10-12
အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ကရင်နီလူငယ် ဦးရယ်ဟာ နိုင်ငံခြားသင်္ဘောသားအလုပ်ကို စွန့်လွှတ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ကရင်နီတပ်မတော် KA မှာ စစ်သင်တန်းတက်နေပါတယ်။
2021-10-08
ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးကန်ဒေသကို ခရီးသွားဧည့်သည်တွေ မလာတော့တာကြောင့် ကိုဝင်းမိုးကျော်တစ်ယောက် ငါးဖမ်းတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိသားစုကတော့ အရင်ကလို မဖူလုံတော့ပါဘူး။
2021-10-07
ကယားပြည်နယ်မှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားတဲ့ ခင်ပွန်းဖြစ်သူတွေ စစ်အာဏာရှင်တော်လှန်ဖို့ ထွက်ခွာသွားပြီးနောက် ကျန်နေခဲ့တဲ့ အမျိုးသမီး ၄၀ ကျော်ဟာ ထိုင်း - မြန်မာ နယ်စပ်အနီး KNPP ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေကြပါတယ်။
2021-10-01
ကပ်ရောဂါဂယက်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင်း စီးပွားရေးတွေ ကျပ်တည်း အလုပ်အကိုင်တွေ ရှာဖွေရခက်လာကြတာကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားတွေအနေနဲ့ ဝမ်းရေးအတွက် နေ့စဉ် ပူပန်နေကြရပါတယ်။ ရန်ကုန်မြို့က ရပ်ကွက်ကလေးတစ်ခုမှာတော့ ဒီလို စားဝတ်နေရေးခက်ခဲနေသူ လေးရာကျော် ငါးရာနီးပါးအတွက် နေ့စဉ်လိုလို စားသောက်ဖွယ်ရာတွေ လှူဒါန်းနေတဲ့ အလှူလေးတစ်ခု ရှိနေပါတယ်။