သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-30
မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။ ကြွင်းကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
2021-11-29
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလည်အပတ် များတဲ့ မင်းကွန်းဒေသက န်းချီဆရာမ မတင်နီလာဝင်းဟာ ကျောက်စရစ်တုံးလေးတွေပေါ်မှာ ပန်းချီပုံလေးတွေ ရေးဆွဲဖန်တီးသူဖြစ်ပြီး၊ ဒေသခံ လူငယ်လေးတွေကိုပါ ပန်းချီပညာ သင်ကြားပေးနေသူပါ။
2021-11-28
နို၀င်ဘာလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီက စာသင်ကျောင်းတွေကို ပြန်ဖွင့်နေပေမယ့် လက်ရှိအချိန်မှာ ကျောင်းပြန်ဖွင့်တာဟာ အန္တရာယ်များတယ်လို့ ယူဆသူတွေ၊ စစ်အာဏာရှင်ကို ဖီဆန်တဲ့အနေနဲ့ ကျောင်းမတက်သူတွေလည်း ရှိနေပါတယ်။
2021-11-25
စစ်ကိုင်းတိုင်း ကလေးမြို့က ကိုဇော်မျိုးထွဋ်ဟာ ရဲတပ်ရင်း (၃) က တပ်သားတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် မတ်လကစလို့ သူတာဝန်ကျရာ တပ်ရင်းကို စွန့်ခွာပြီး အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ပါတယ်။ အဲဒီနောက် ကိုဇော်မျိုးထွဋ်ဟာ ကလေးမြို့နယ် သာစည်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပူးပေါင်းခဲ့ပါတယ်။
2021-11-25
သီလရှင် ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါဟာဆိုရင် ပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံရတာ သူကိုယ်တိုင်လည်း စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ပြီး ဖမ်းဆီးဖို့ ကြိုးစားခံရတာတွေကြောင့် သီလရှင်ဘဝကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေတစ်ခုက စစ်သင်တန်းကို တက်ရောက်နေပါတယ်။
2021-11-19
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ယာယီငြိမ်သက်သွားချိန်မှာ စစ်ဘေးရှောင်စခန်းတွေကနေ မူရင်းရပ်ရွာတွေကို ပြန်ပြီး နေထိုင်သူတချို့ ရှိပေမယ့် စစ်မဖြစ်ခင် မူလအခြေအနေအတိုင်း မဟုတ်တော့ဘဲ စားဝတ်နေရေး အခက်အခဲ တွေ့နေကြပါတယ်။
2021-11-17
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် အကျဉ်းသူ အကျဉ်းသားတွေအတွက် စိုးရိမ်ရပြီး၊ ကိုဗစ်တတိယလှိုင်းကာလအတွင်း လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကြောင့်လည်း ထောင်တွင်းဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2021-11-14
စစ်အာဏာသိမ်းပြီး ကိုးလကျော် ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်လာတာကြောင့် ကားမောင်းတဲ့သူတွေဟာ CNG ဂတ်စ်တွေကို ပိုသုံးလာကြပါတယ်။
2021-11-10
တော်ဝင်မောင်နှမ ဇာတ်သဘင်ပစ္စည်းတွေ စုပုံပြီးထားထားတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မြို့ဦးဘုရားဝင်းထဲကို ဇာတ်ဆရာ ဦးချမ်းအေး တစ်ယောက် ဇာတ်ပစ္စည်းအခြေအနေတွေကို ကြည့်နေပါတယ်။
2021-11-05
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့အနီးက မန်ခါးရွာ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ရိက္ခာအခက်အခဲ ကြုံတွေ့နေရပါတယ်။
2021-11-05
ရန်ကုန်တိုင်း လှိုင်သာယာမြို့မှာ စစ်ကောင်စီက အင်အားသုံးဖယ်ရှားလိုက်တဲ့ ကျုးကျော်တချို့ဟာ အခုချိန်မှာ စားရေး၊ ဝတ်ရေးထက် ကျောတစ်ခင်းစာ နေထိုင်ရေးအတွက် ပူပင်နေကြရပါတယ်။
2021-11-02
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီအုပ်ချုပ်မှုကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတာ တွေ့ရပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီ ဝင်ငွေမရအောင်ဆိုပြီး လျှပ်စစ်မီတာခ မဆောင်သူ တချို့ ရှိနေပါတယ်။