သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-03
ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ် ထားဝယ်ချောင်က အိုးအိမ်မဲ့ ကျူးကျော်နေထိုင်သူတွေကို ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ရဲနဲ့စစ်တပ်က အင်အားသုံး ဖယ်ရှားနေပါတယ်။ ဒီမနက်မှာလည်း ကျူးကျော်နေထိုင်သူ ၂၀၀ ကျော်ကို ရဲ၊ စစ်တပ်နဲ့ စည်ပင်ပေါင်းပြီး မြေတူးစက်တွေနဲ့ လာရောက်ရှင်းလင်းခဲ့ပါတယ်။
2021-12-03
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေကို လုံးဝ လက်မခံနိုင်တာကြောင့် အနာဂတ် ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ကျရာနေရာက ဆန့်ကျင်တွန်းလှန်ကြတဲ့ လူငယ်တွေ အများအပြား ရှိလာခဲ့ပါတယ်။
2021-12-03
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဇူလိုင်လက ကျောက်တော်မြို့က ဒေါ်မစုချေရဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်လှိုင်ဟာ စစ်တပ်က ဖမ်းဆီးသွားပြီး ခြောက်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
2021-12-02
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ထဲမှာ အခုနှစ် သြဂုတ်လနောက်ပိုင်း စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ၁၅၀၀ ကျော်ဟာ စားဝတ်နေရေး ခက်ခဲ နေပါတယ်။
2021-12-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ပြည်သူတွေရဲ့ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေဟာ ဒီနေ့အထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအထဲက ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဖြိုးဟာ တောင်ဒဂုံက ဆန္ဒပြပွဲမှာပါဝင်ရင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းရာကနေ ကျည်ထိမှန်ပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။
2021-12-01
အာဏာသိမ်းပြီးနောက်ပိုင်း စစ်မြေပြင်ဖြစ်သွားတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ မြို့သူ၊ မြို့သားတွေဟာလည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကုန်ကြပါတယ်။