သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မနက် အင်ဂျင်နီယာတပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းမှာပိတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့လယ်ခေါင် ဆူးလေတစ်ဝိုက်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေဖြစ်ပါတယ်။
2021-02-28
အာဏာရှင်စနစ်ကျဆုံးရေး အနယ်နယ်အရပ်ရပ် အင်နဲ့အားနဲ့ ဆန္ဒပြကြတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ The 74 Media က သတင်းထောက်တစ်ဦးအပါ ဆန္ဒပြလူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
2021-02-28
အာရှနွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်း၊ လေးခွစတာတွေနဲ့ ပစ်ခတ်ပြီး နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
2021-02-27
ရန်ကုန်မြို့ စမ်းချောင်းဗဟိုလမ်းနဲ့ မအူပင်လမ်းထောင့်မှာ ရပ်ကွက်နေပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးခိုးဗုံးတွေ၊ အသံမိုင်းတွေနဲ့ ပစ်ဖောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
2021-02-27
စစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြသူတွေ အဓိက စုဝေးရာ စုရပ်တွေဖြစ်တဲ့ ရန်ကုန်မြို့ မြေနီကုန်းနဲ့ လှည်းတန်းမှာ ဒီနေ့ မနက်ပိုင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ စုဝေးလို့မရအောင် အင်အားအများအပြားနဲ့ တားမြစ်ခဲ့ပြီး မျက်ရည်ယို ဗုံးတွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ပါတယ်။
2021-02-26
စစ်အာဏာသိမ်းဆန့်ကျင်ရေး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဆန္ဒပြပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ရောက် ပါဝင်ခဲ့ပါတယ်။
2021-02-26
အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ရန်ကုန်၊ လှိုင်မြို့နယ် အင်းစိန်လမ်းနဲ့ ဘူတာရုံလမ်းထောင့်က ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းမှာ သေနတ်ပစ်ဖောက်ပြီး လူစုခွဲဖြိုခွင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။
2021-02-26
ရန်ကုန်မြို့၊ မြေနီကုန်းတံတားအောက်မှာ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က ကြေညာပြီးနောက် အကြမ်းဖက် ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ပြည်သူတချို့ ဖမ်းဆီးခံထားရပါတယ်။
2021-02-25
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သံဃာတော်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသလိုတာကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။
2021-02-25
အောင်ဆန်းသူရိယလှသောင်း တပ်မတော် အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားဟောင်း ၃၀ ကျော်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မှာ ကမာရွတ်မြို့နယ်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
2021-02-25
ရန်ကုန်မြို့လယ်ခေါင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒီနေ့ တပ်ထောက်ခံသူတွေက လမ်းသွားလမ်းလာတွေကို တုတ်၊ ဓားလက်နက်တွေနဲ့ ရန်ရှာတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
2021-02-25
နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာက သူမရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
2021-02-24
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကားနှစ်စီးနဲ့ လာရောက်သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-02-24
ရန်ကုန်တိုင်း ရွှေပြည်သာမြို့မှာ ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေစဉ် ရဲတပ်ဖွဲ့က သေနတ်ကျည်နဲ့ ပစ်လိုက်လို့ သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းကို ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။