သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-24
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပက ဘဏ်တွေမှာ အပ်နှံထားပါတယ်။
2021-02-24
ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သံရုံးတွေအနီးမှာ ဆန္ဒပြနေကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဂျပန်သံရုံးအနီး ဆန္ဒပြသူတွေကို သံရုံးအနီးဆန္ဒမပြဖို့ ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပါတယ်။
2021-02-24
မြောက်ဥက္ကလာမြို့နယ်အတွင်းက ရပ်ကွက် ၁၉ ခုလောက်က ထောင်နဲ့ချီတဲ့ လူထုဟာ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မလိုလားကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2021-02-24
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ စစ်ကောင်စီကို ကန့်ကွက်လို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အခုလ ၂၀ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ အရပ်သား လူငါးဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တိုင်းရင်းသားတွေက ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2021-02-22
ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပစ်ခတ်မယ်ဆိုပြီး သေနတ်ကိုင်ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အပေါ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသူတွေ စိုးရိမ်နေကြပါတယ်။
2021-02-22
မြန်မာနိုင်ငံသား ၁၂ဝဝ ကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ရပ်ထားဖို့ မလေးရှားနိုင်ငံကို တောင်းဆိုမှုတွေ ပိုများလာပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ နေရပ်ပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ပို့နေတာဖြစ်ပါတယ်။
2021-02-22
ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့ ပြည်လုံးကျွတ်သပိတ်မှောက်ကြတဲ့နေ့မှာ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေရှေ့သွားပြီး ဆန္ဒမပြနိုင်အောင် သံရုံးတွေရှိတဲ့ လမ်းတလျှောက်ကို စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချ ပိတ်ဆို့ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
2021-02-22
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖိနှိမ်နေတာတွေ ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2021-02-22
စစ်ကောင်စီဆန့်ကျင်ရေး အထွေထွေသပိတ်ကို တစ်နိုင်ငံလုံးက မြို့နယ်တိုင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့မှာ လူအင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
2021-02-22
ရန်ကုန်မြို့လယ်ခေါင်မှာ ဆန္ဒပြသူတွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ ဆန္ဒပြသူတွေဟာ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျတ်သိမ်းဖို့နဲ့ ဒီမိုကရေစီရရှိရေးကို ကြွေးကြော်တောင်းဆိုနေပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ထိုင်သပိတ် ကျင်းပနေပါတယ်။ ရဲဝန်ထမ်းတွေကတော့ မြို့တော်ခန်းမတဝိုက်မှာ နေရာယူထားပါတယ်။
2021-02-22
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းပေါ်က ကုလသမဂ္ဂရုံး မရောက်ခင် ကိုက် ၁၀၀ လောက်အကွာမှာ ရဲတွေက အတားအဆီးတွေချပြီး ဆန္ဒပြသူတွေ ရုံးရှေ့လာလို့ မရအောင် ပိတ်ပင်ထားပါတယ်။
2021-02-20
ဖေဖော်ဝါရီလ ၂၀ ရက်ညနေက မန္တလေး ၄၁ လမ်းမှာ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲလို့ ကိုဝေယံဖြိုးဆိုတဲ့ လူငယ်တယောက်နဲ့ ကိုမင်းဆိုတဲ့လူလတ်ပိုင်း တယောက် စုစပေါင်း (၂) ယောက် သေဆုံးပြီး အနည်းဆုံး အယောက် (၅၀) ကျော် ဒဏ်ရာရခဲ့တဲ့အကြောင်း မျက်မြင်ကြုံတွေ့ ကုသပေးခဲ့တဲ့ ပရဟိတဆရာဝန်တယောက်က RFA ကိုပြောပြပါတယ်။
2021-02-19
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆူးလေဘုရားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ နေရာယူလိုက်ပြီး အတားအဆီးတွေ ကာရံလိုက်ပါတယ်။
2021-02-19
စစ်တပ်က အာဏာသိမ်းပြီး ၁၉ ရက်မြောက် ဒီနေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားထုအစည်းအဝေးကို ဒဂုံတက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။