သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-19
မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့ အပေါင်းအပါတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို အဲဒီဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာလည်း ရှိနေပါတယ်။
2021-02-19
မြန်မာစစ်တပ်ကို အားပေးတာ၊ ထောက်ပံ့တာတွေ မလုပ်ဖို့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ နေစဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုသူတွေ ရာနဲ့ချီ ရှိနေပါတယ်။
2021-02-19
ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာတွေ ဆက်တိုက်ဆိုသလို ပေးပို့နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့လည်း အိတ်ဖွင့်ပေးစာတွေမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။
2021-02-18
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ စစ်အာဏာသိမ်းခဲ့လို့ ကပ်ရောဂါဘေးထက် စစ်အာဏာရှင်ဘေးကို ဦးစားပေးဆန့်ကျင်ဖို့ မြန်မာပြည်သူတွေ ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံတဝှမ်းက လမ်းမတွေပေါ်မှာ ပြည်သူတွေ သိန်းနဲ့သန်းနဲ့ချီဆန္ဒပြနေတာဟာ ကပ်ရောဂါထိန်းချုပ်ရေးနဲ့ ဆန့်ကျင်နေတာကြောင့် ဆန္ဒပြသူတွေ ကျန်းမာရေးအသိနဲ့ နေထိုင်လှုပ်ရှားကြဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။
2021-02-18
ဒီနေ့မနက်က ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးက မီးပွိုင့်မှာ ကားတွေကို တုတ်နဲ့ထွက်ရိုက်ခဲ့တဲ့ ဘုန်းကြီးနဲ့ လူတချို့ ရွှေကျင်ကျောင်းတိုက်ဝင်းထဲကို ဝင်ပြေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက အဲဒီဘုန်းကြီးနဲ့ လူတွေကို ထုတ်ပေးဖို့ ကျောင်းဝင်းအပြင်ကနေ တောင်းဆိုခဲ့ပါတယ်။
2021-02-18
စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ထောင်နဲ့ချီ ဆန္ဒပြသူတွေဟာ မြေနီကုန်း ပဒုမ္မာပန်းခြံကနေ ထိုင်းသံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံးနဲ့ ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြကြပါတယ်။
2021-02-18
ဖေဖော်ဝါရီ ၁၈ ရက် ဒီမနက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းထိပ် မီးပွိုင့်မိနေစဉ် ရပ်နေတဲ့ ကားလေးစီးကို သင်္ကန်းဝတ်တချို့နဲ့ လူ ၁၀ ဦးလောက်က အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခဲ့သလို ကားမောင်းသူတစ်ဦးကိုလည်း ထိုးကြိတ်ခဲ့ပါတယ်။
2021-02-18
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆန္ဒပြသူတွေက မြို့ကိုလှည့်လည်နေစဉ်မှာ ခမရ ၁၆ က တပ်ကြပ်ကြီးစာရေး တစ်ဦးက ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
2021-02-17
တရုတ်နည်းပညာရှင်တွေ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတယ်လို့ သတင်း ထွက်ခဲ့တဲ့ လေယာဉ်ဟာ တကယ်တမ်းမှာ ရန်ကုန်လေဆိပ်ကနေ ကူမင်းမြို့ကို မြန်မာ့ပင်လယ်စာတွေ တင်ပို့ခဲ့တဲ့ လေယာဉ်ဖြစ်တယ်လို့ MAI မြန်မာလေကြောင်းလိုင်းကရော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီးကပါ ဒီတပတ်ထဲမှာ ပြောဆိုထားပါတယ်။
2021-02-17
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆူးလေဘုရားအနီးမှာ ပန်းရဲ့လမ်းအဖွဲ့က ဆန္ဒပြပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
2021-02-17
မန္တလေးမြို့၊ မီးရထားဝန်ထမ်းအိမ်ယာ အနီး ၃၄/၃၅ လမ်းကြားမှာ ဒီကနေ့ည ၈ နာရီခွဲကျော်လောက်က ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
2021-02-17
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အနေနဲ့ ရန်ကုန် မြောက်ဒဂုံမြို့နယ် ဘေလီတံတားထိပ်က ပင်လုံရင်ပြင်လမ်းမကြီးပေါ်မှာ WE WANT DEMOCRACY ( ဒီမိုကရေစီလိုချင်ပါတယ်)၊ SAVE MYANMAR (မြန်မာပြည်ကို ကယ်တင်ပါ) ဆိုတဲ့ စာသားတွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရေးဆွဲလိုက်ကြပါတယ်။
2021-02-17
ရန်ကုန်မြို့၊ ဗဟိုဘဏ်အနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့မနက်ပိုင်းက လေကြောင်းလိုင်းအသီးသီးက ဝန်ထမ်းတွေ ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
2021-02-17
စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၁၇ ရက်မြောက် ဒီနေ့မှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ လူဦးရေ သန်းနဲ့ချီဟာ ရန်ကုန်မြို့လယ်ခေါင်မှာ လာရောက်စုဝေးကြလို့ လူပင်လယ်ကြီး ဖြစ်သွားခဲ့ပါတယ်။
2021-02-17
စစ်အုပ်ချုပ်ရေးကာလမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ရုံးမတက်ဘဲ အိမ်မှာနေဖို့ ပြည်သူတွေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက တွန်းအားပေးတိုက်တွန်းမှုတွေကို ဆက်လိုက်လုပ်ဆောင်နေပါတယ်။