သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-17
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ကားပျက်တဲ့ လှုပ်ရှားမှုကို မြို့နယ်အသီးသီးမှာ ပြုလုပ်ခဲ့ကြပါတယ်။
2021-02-17
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့ညက စစ်တပ်နဲ့ ရဲက ဖြတ်သွားချိန် နေအိမ်တချို့က သံပုံးတီးလို့ဆိုပြီး အိမ်တွေထဲကိုဝင်ပြီး ဖျက်ဆီးခဲ့ပါတယ်။
2021-02-16
စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-02-16
စစ်တပ်က အာဏာသိမ်းတာ ဆယ့်ခြောက်ရက်မြောက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက် ဒီကနေ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ လမ်းမပေါ်ထွက် ဆန္ဒပြကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-02-16
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကကျင်းပသွားတဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲက ပြောဆိုချက်တွေကို နိုင်ငံရေးပါတီတွေ၊ လေ့လာသူတွေနဲ့ သတင်းစာဆရာရဲ့အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2021-02-15
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးနေကြပါတယ်။
2021-02-15
မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ် ၁ အနီးမှာ ဆန္ဒပြနေတဲ့သူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
2021-02-15
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့တွေဟာ စစ်ကောင်စီကို ဆန့်ကျင်ကြဖို့နဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းမပေါ်မှာရှိတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
2021-02-14
လူအင်အား ၅၀၀ နီးပါး လူအုပ်ကြီးဟာ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့ မြန်မာသံရုံး၊ မြန်မာစစ်သံရုံးတွေကနေ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ရှိ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
2021-02-14
ရန်ကုန်မြို့ မလွှကုန်း မီးရထားဝင်းအတွင်းက မြန်မာ့မီးရထား စက်ခေါင်းမောင်းသူတွေ၊ စက်ပြင်အင်ဂျင်နီယာတွေနဲ့ မီးရထားဝန်ထမ်း ၈၀၀ နီးပါးဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေကြရာမှာ ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေက လာရောက်တားဆီးခဲ့ပါတယ်။
2021-02-12
၂၀၂၀ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ မြန်မာတနိုင်ငံလုံး အုံကြွဆန့်ကျင်နေကြပါတယ်။
2021-02-12
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး လူထုအုံကြွမှုတွေလည်း နိုင်ငံအနှံ့ဖြစ်ပေါ်နေပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ အစိုးရဝန်ထမ်း၊ ကျောင်းသား၊ ပြည်သူအားလုံးပူးပေါင်းပါဝင်လာကြပြီး ကျန်းမာရေးအင်အားစုတွေက ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေပါတယ်။
2021-02-12
ပြည်သူအများစုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်တာကို မကျေနပ်လို့ မြန်မာနိုင်ငံတစ်ဝှမ်း လမ်းပေါ်ထွက် ဆန္ဒပြနေကြသူတွေဟာ လက်သုံးချောင်းထောင်ပြီး ချီတက်ကြွေးကြော်နေကြပါတယ်။
2021-02-12
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား သုံးယောက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်လိုက်ပြီမို့၊ ကာယကံရှင် နစ်နာသူအမျိုးသမီးအတွက် နောက်ဆုံးမှာ တရားမျှတမှုကို ရရှိခဲ့ပါပြီ။
2021-02-12
အာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအတွက် ကဗျာဆရာများသမဂ္ဂ၊ ပန်းချီဆရာ၊ ဆရာမတွေ၊ ကာတွန်းဆရာတွေ၊ Performance Art ပညာရှင်တွေနဲ့ Pen Myanmar အဖွဲ့တို့ပူးပေါင်းပြီး Artists’s Street ဆိုပြီး ရန်ပုံငွေ ရှာဖွေနေကြပါတယ်။