သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-12
ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းက တရုတ်သံရုံးရှေ့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒီနေ့ ဆန္ဒပြသူ တစ်ထောင်ကျော် ဆက်ရှိနေပါတယ်။
2021-02-11
စစ်အာဏာသိမ်းတာ ၁၁ ရက်မြောက်နေ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရန်ကုန်၊ လှည်းတန်းနဲ့ မြေနီးကုန်းအနီး ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြနေကြတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။
2021-02-11
ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်း အစိုးရရဲ့ လုပ်ရပ်တွေကို တရုတ်အစိုးရက ထောက်ပံ့ကူညီပေးနေတယ်လို့ ယူဆတာကြောင့် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
2021-02-11
အာဏာရှင်အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်နယ်က မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားအင်အားစုသုံးစုက ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မော်လမြိုင် မြို့မှာ ဆန္ဒပြကြပါတယ်။
2021-02-11
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒေသခံတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ စုစုပေါင်း သုံးသောင်းကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2021-02-11
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁၁ ရက်မြောက်နေ့လည်းဖြစ် ပြည်သူတွေ လမ်းပေါ် ထွက် ဆန္ဒပြတာ ၆ ရက်မြောက်နေ့လည်း ဖြစ်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့ နေရာအနှံ့မှာ ပြည်သူတွေဟာ မတူကွဲပြားတဲ့ လှုပ်ရှားမှုတွေနဲ့ စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
2021-02-11
စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတိုက်က ဝန်ထမ်း ၃၀ ကျော် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပါတယ်။
2021-02-11
ဗဟိုဘဏ်ဝန်ထမ်းတွေကို ရုံးတက်ဖို့ ဖိအားပေးနေတယ်ဆိုတဲ့ သတင်းထွက် ပေါ်လာတဲ့အတွက် စစ်အာဏာရှင် အလိုမရှိတဲ့ ပြည်သူအယောက် ၁၀၀၀ လောက်ဟာ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ ဗဟိုဘဏ်ရှေ့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ဆန္ဒပြခဲ့ကြပါတယ်။
2021-02-10
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ စစ်အစိုးရပြုတ်ကျရေးလှုပ်ရှားမှုကို ဆယ်ကျော်သက် လူငယ်တွေက နည်းပေါင်းစုံနဲ့ ဆင်နွှဲနေကြပါတယ်။
2021-02-10
စစ်အာဏာသိမ်းတာ ဆယ်ရက်မြောက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-02-10
စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ သရုပ်ဖော်အကတွေနဲ့ ဆန္ဒပြနေကြတဲ့ မျိုးဆက်သစ် ဆယ်ကျော်သက် လူငယ်တချို့ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
2021-02-10
စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့မှာ သတို့သမီးဝတ်စုံတွေဝတ်ပြီး အမျိုးသမီးတွေ လမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-02-10
ဆန္ဒပြပွဲ ငါးရက်မြောက်နေ့မှာ ရန်ကုန်မြို့အပါအဝင် ပုသိမ်၊ မော်လမြိုင်၊ သံဖြူဇရပ် မြို့နယ်တွေက ဆန္ဒပြသူတွေရဲ့ စကားသံများ
2021-02-10
ရန်ကုန်မြို့ ဂျပန်သံရုံးနဲ့ တရုတ်သံရုံးရှေ့မှာ လူဦးရေ ရာဂဏန်းခန့် ဒီနေ့ လာရောက်ဆန္ဒပြကြပါတယ်။
2021-02-10
ဒီနေ့ လွိုင်ကော်မြို့လယ်ခေါင်မှာ ကယားပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ က ရဲဝန်ထမ်း ၄၀ ဦးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေထံ ပူးပေါင်းပြီး ဆန္ဒပြခဲ့ပါတယ်။