သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-31
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ နေအိမ်တွေကနေ သံပုံးတီး ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စမ်းချောင်းမြို့နယ် စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီညပိုင်း သေနတ်၊ လေးခွ၊ ခဲတွေနဲ့ထုပြီး အော်ဟစ်ဆဲဆိုခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-03-31
ရန်ကုန် လူထုဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့ ဈာပနအခမ်းအနားကို ဇာတိဒေသဖြစ်တဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် မှော်အင်းရွာမှာ ဒီကနေ့ပြုလုပ်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
2021-03-30
ဆန္ဒပြမှုတွေ ဆက်လုပ်ကြဖို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက လူငယ်တစ်ဦး လိုက်လံနှိုးဆော်နေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။
2021-03-29
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ဒီနေ့ပစ်ခတ်ဖြိုခွဲနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ တောင်ဒဂုံမှာပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးတယ်လို့ ကနဦး သတင်းရရှိပါတယ်။
2021-03-29
စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းနောက်စေ့ကို သေနတ်ကျည်မှန်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ၁၃ နှစ်သား မောင်စိုင်းဝေယံရဲ့ နာရေးကို ဒီကနေ့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
2021-03-29
သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က ဒီနေ့ မတ်လ ၂၉ ရက်နေ့မနက်က စစ်ကောင်စီတပ်က ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းရာ ကျည်ထိမှန်သွားသူတစ်ဦးကို တွေ့ရတာဖြစ်ပါတယ်။
2021-03-29
မန္တလေးတိုင်း၊ မိုးကုတ်မြို့ CB ဘဏ်အနီး မတ် ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေက ဆန္ဒပြလူငယ်တွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသွားခဲ့တဲ့ ရွှေဘုံသာရပ်နေ အဖ ဦးတင်ကို ရဲ့ သား ကိုရဲရင့်အောင် အသက် ၂၆ နှစ်ကို ဗမွန်သုဿန်သို မတ် ၂၉ ရက်၊ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။
2021-03-29
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မရမ်းကုန်းမြို့နယ်မှာ ကျဆုံးသွားသော အဆိုတော် ထူးအယ်လင်း အမဖြစ်သူ မဥမ္မာရှိန်ကို မတ်လ ၂၉ရက်နေ့ ယနေ့ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
2021-03-28
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် မနေ့နေ့လယ်ပိုင်းမှာ ရန်ကုန် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်ကို အင်အား အလွန်အကျွံသုံးပြီး ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်လို့ သိရပါတယ်။
2021-03-28
မတ်လ ၂၇ ရက်နေ့ မနေ့က ရန်ကုန်မြို့ တာမွေမှာ အဖမ်းခံရသူတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ခြေထောက်နဲ့ကန်ပြီး နှိပ်စက်နေတာဖြစ်ပါတယ်။
2021-03-28
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ မတ်၂၈ ရက်နေ့ ဒီနေ့မှာ ရပ်ကွက်အတွင်း အတားအဆီးတွေလုပ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
2021-03-28
မနေ့ည ၁၀ နာရီကျော်လောက်မှာ မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးက မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ယောက် မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-27
ဒီဆန္ဒပြပွဲကို အမျိုးသမီးတွေ အဓိကဦးခေါင်ဆောင်ဖြစ်ပြီး တရုတ်သံရုံး၊ မြန်မာစစ်သံရုံး၊ အမေရိကန်သမ္မတ အိမ်ဖြူတော်ဘေးနဲ့ မြို့ရဲ့ လူစည်ကားရာလမ်းမတွေတလျှောက် လှည့်လည်ချီတက် ကြွေးကြော်ဆန္ဒပြခဲ့တာပါ။
2021-03-27
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အ.ထ.က (၃) အရှေ့မှာ ဒီနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲက ဖြတ်လာတဲ့ ဆိုင်ကယ်တစ်စီးကို ကားပေါ်ကနေ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာပါ။ ကျည်ထိမှန်သွားသူတစ်ဦးကိုလည်း ကားပေါ် ဆွဲတင်သွားတာ တွေ့မြင်ရပါတယ်။
2021-03-27
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်က လမ်းထဲထိဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် လေးဦး ဒဏ်ရာရရှိထားပါတယ်။