သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-30
ဧပြီ ၃၀ ရက်နေ့ ဒီနေ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ပြည်သူတွေဟာ KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြသလို တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း အင်ဂျင်နီယာနဲ့ ပညာရေးသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
2021-04-30
ဖမ်းဆီးမှုတွေ နေရာတိုင်းလုပ်နေတဲ့ကြားကပဲ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဗိုလ်ချုပ်လမ်းမနဲ့ မဟာဗန္ဓုလလမ်းမတွေပေါ်ကနေ ဆူးလေအထိ ချီဆက်ဆန္ဒပြခဲ့ကြတာပါ။
2021-04-30
ဧပြီလ ၂၉ ရက်နေ့ မနေ့ညက ဖားကန့်မြို့နယ် အောင်မြေကျေးရွာမှာ ညသပိတ်နဲ့ လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-30
ဧပြီလ ၃၀ ရက်နေ့ ဒီနေ့နံနက်အစောပိုင်းမှာ ထားဝယ်မြို့မှ လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ဆန္ဒပြခဲ့ကြသလို ထားဝယ်မြို့ စည်ပင်သာယာဈေးနဲ့ မြို့တောင်ပိုင်းတို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2021-04-29
ဧပြီလ၂၉ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ တနင်္သာရီတိုင်း ထားဝယ်မြို့၊ ကချင်ပြည်နယ် ဖားကန့် မြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
ဧပြီလ ၂၈ ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှ ပြည်သူများက မြင်းလှည်းများ၊ နွားလှည်းများဖြင့် လှည့်လည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
ဧပြီလ ၂၉ ရက် ဒီနေ့ နံနက်ပိုင်း မန္တလေးမြို့မှာ မန္တလေး ကျန်းမာရေးမိသားစု (Mandalay Medical Family) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ရောင်နီကြိုသပိတ် (Breakfast Time Revolution) ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ထားဝယ်မြို့မှ လူငယ်များစုပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
ဧပြီလ ၂၈ ရက်နေ့ မနေ့ညက ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ နွေဦးတော်လှန်ရေးတွင် ကျဆုံးသူအားလုံးအတွက် ရည်စူးပြီး " ရှေ့ဆက်တိုက်မည် လက်တွဲညီ NUG " စာသားရေးဖော်ကာ ဖယောင်းတိုင်ထွန်းဆုတောင်းပြီး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
2021-04-28
ထားဝယ်မြို့တောင်ပိုင်းကျေးရွာတွေပူးပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့မှာ ကျေးရွာတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြခဲ့ကြပါတယ်။ ထားဝယ်မြို့နယ်ဟာ သပိတ်စစ်ကြောင်းတွေနဲ့ နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
2021-04-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက အောင်မြေကွက်သစ် ကျေးရွာနဲ့ မရှီကထောင်ရပ်ကွက် ပူးပေါင်းသပိတ်စစ်ကြောင်းအပြင် လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဧပြီ ၂၈ ရက် ဒီနေ့မှာ ဆန္ဒပြနေကြပါတယ်။
2021-04-27
ဧပြီလ ၂၇ ရက်နေ့က ထားဝယ်၊ မန္တလေးနဲ့ ဖားကန့်မြို့နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
2021-04-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီကျဆုံးရေး ပူးပေါင်းသပိတ်စစ်ကြောင်းနဲ့ ဒီနေ့ ဧပြီလ ၂၇ ရက်က ဆန္ဒပြခဲ့တာပါ။
2021-04-27
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာတချို့က အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြသူ သုံးဦး ဒီကနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသအခြေစိုက် Teze News Agency က သတင်းထုတ်ပြန်ထားပါတယ်။
2021-04-27
ဧပြီလ ၂၇ ရက်ဒီနေ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နဲ့ တခြားမြို့နယ်တို့မှာ လူငယ်များစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2021-04-26
အီတလီနိုင်ငံ Genoa မြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ ဧပြီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံအတွက်နဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသွားသူတွေကို ရည်စူးပြီး ဆရာတော်ကြီးတွေက မေတ္တသုတ် ရွတ်ဖတ် ဆုတောင်းပေးခဲ့ကြပါတယ်။