သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-14
ရွှေဘိုစည်ပင်သာယာဈေးကြီး မေလ ၁၅ ရက် မနက် ၂ နာရီကျော်က မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၅ နာရီ အချိန်အထိ မီးမငြိမ်းသေးဘူးလို့ မြို့ခံတစ်ယောက်က RFA ကို သတင်းပေးပို့လာပါတယ်။
2021-05-14
မန္တလေးမြို့လယ်ခေါင် ၃၅ လမ်းမကြီးပေါ်မှာ မေလ ၁၄ ရက်နေ့ ဒီနေ့ စစ်အာဏာရှင် အလိုမရှိကြောင်းနှင့် ကျောင်းမတက်နဲ့ ကျောင်းပျက် ကြွေးကြော်သံများဖြင့် တကသသပိတ်စစ်ကြောင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပြီး အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ပါသည်။
2021-05-14
ထားဝယ်မြို့မှာ မေလ ၁၄ ရက်နေ့ ဒီနေ့ စစ်အာဏာရှင် ဆန့်ကျင်ေရး အရုဏ်ဦးသပိတ် ပင်ပသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပြီး နေ့လယ် ၁၂ နာရီမှာ လူငယ်ရေးရာစစ်ကြောင်းက ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-14
ရှမ်းပြည်နယ် တောင်ကြီးမြို့က လူငယ်တွေဟာ မေ ၁၄ရက်နေ့ ဒီကနေ့ မနက် စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့သပိတ် ပြုလုပ်ပြီး ချီတက် ဆန္ဒပြကြပါတယ်။
2021-05-14
ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု၊ တိမွေးကု၊ သွားဆရာဝန်၊ ဆေးဝါးပညာရှင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ ပါဝင်တဲ့ မြို့နယ်ပေါင်းစုံက ဆေးပညာရှင်အဖွဲ့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးသပိတ်ဟာ မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက်က ချီတက် ဆန္ဒပြကြပါတယ်။
2021-05-13
စစ်အာဏာရှင်စစ်ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဉ်ဆိုသလိုရှိနေတဲ့ ထားဝယ်မြို့မှာ ဒီနေ့ မေလ ၁၃ မှာလည်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
2021-05-13
မန္တလေးမြို့ မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖမ်းဆီးဖြိုခွင်းတာတွေ ရှိပေမယ့်လည်း မေ ၁၃ ရက်၊ ဒီနေ့ မနက်ခင်းမှာ တကသ ကျောင်းသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြောက်ကျားသပိတ် ပြုလုပ်ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြပါတယ်။
2021-05-13
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ (NUG) ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မင်းဘူး GZ များ စုပေါင်းပြီး မေ ၁၃ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
2021-05-12
မန္တလေးမြို့ ၇၁ လမ်း ၁၁၈ လမ်းမှာ မေ ၁၂ ရက်၊ ဒီနေ့မနက်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြနေတဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။
2021-05-12
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေဟာ မေ ၁၂ ရက်၊ ဒီနေ့ မနက်မှာ စျေးများအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2021-05-12
ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ မေလ ၁၂ ရက် ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-05-11
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ကနီမြို့နယ်အတွင်း လက်နက်ရှိနိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်း ရှာဖွေခဲ့ပါတယ်။ အခုချိန်အထိ ကနီမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးထောင်ကျော် ရှိနေပါတယ်။
2021-05-11
ဖားကန့်မြို့နယ် တာမခန်မြို့သစ် ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတာ ရက်ပေါင်း (၁၀၀) ပြည့်ခဲ့တဲ့ မေလ ၁၁ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-11
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း မေ ၁၀ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-05-11
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း မေ ၁၀ ရက်နေ့ညက ညသပိတ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။