သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-30
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့မှာ ကိုဗစ်ကပ်ရောဂါနဲ့ အလုပ်အကိုင်ရှားပါးမှု ဒဏ်ကို အလူးအလဲရင်ဆိုင်နေရတဲ့အတွက် ဒေါ်ဇမ်ခန့်ကျိမ်တစ်ယောက် မိသားစုကို ဝဝလင်လင်ရှာ ဖွေကျွေးမွေးဖို့ ခက်ခဲလာပါတယ်။
2021-08-18
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ စစ်ကောင်စီတပ်တွေရဲ့လက်ထဲအညံ့မခံဘူးဆိုပြီး တိုက်ပေါ်ကနေခုန်ချလိုက်တဲ့ လူငယ်ငါးယောက်ထဲမှာ မဝေဝေမြင့်ဟာ သေဆုံးသွားပါတယ်။
2021-08-11
KNPP ရဲ့ နယ်မြေထဲမှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတော စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်လောက်ရှိတဲ့ နေရာမှာဖြစ်ပါတယ်။
2021-08-10
မြန်မာနိုင်ငံမှာ Covid-19 ရောဂါ ခုခံတွန်းလှန်ရာမှာ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အခမဲ့ ဖြန့်ဝေပေးနေတဲ့ လူမှုကူညီရေးအသင်းကြီး တစ်ခုကတော့ ရန်ကုန်မြို့က "နွယ်အေး" စွန္နီဂျာမေ ဗလီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ရန်ကုန်မြို့နေ ပြည်သူတွေဟာ အောက်ဆီဂျင် ရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရပါတယ်။
2021-08-10
စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွဲချိန်မှာ စစ္စတာ အန်နူးတောင်ဟာ စစ်သားတွေရဲ့ ရှေ့ကနေ ရပ်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် မပစ်ခတ်ဖို့ ငိုကြွေးတောင်းပန်ခဲ့သူပါ။ အခုလို ကိုဗစ်ရောဂါတွေဆိုးလာချိန်မှာလည်း စစ္စတာ အန်နူးတောင်ဟာ ကိုဗစ်ရောဂါသည်တွေကို နေ့စဉ် ကြည့်ရူပေးနေပါတယ်။
2021-08-09
မကွေးတိုင်း ပေါက်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်တာ၊ ရှာဖွေဖမ်းဆီးတာတွေကြောင့် ဒေသခံ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2021-08-06
ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ သေဆုံးထိခိုက်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင်လကနေ အခုချိန်ထိ ရန်ကုန်မြို့က သေဆုံးရုပ်အလောင်းတွေ သင်္ဂြိုဟ်နိုင်ရေး နေ့စဉ်ရက်ဆက် စေတနာ့ဝန်ထမ်းအဖြစ် ကောက်ယူပေးနေတဲ့ မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းမှာ အသက်အငယ်ဆုံး ပရဟိတသမားလေးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထွန်းလင်းနိုင်လည်း ပါဝင်ပါတယ်။
2021-08-03
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတစ်ခုက အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခုလိုမိုးရာသီမှာ ကျန်းမာရေးအတွက် ဆေးဝါးအခက်အခဲရှိနေတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။