ရန်ကုန် အင်ဂျင်နီယာစစ်ကြောင်းက ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေ
2021.02.28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မနက် အင်ဂျင်နီယာတပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းမှာပိတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
အင်ဂျင်နီယာ အယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတစ်ဦးက ဆန္ဒပြစစ်ကြောင်းဖြိုခွင်းခံရတဲ့ အခြေအနေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြထားပါတယ်။