စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

RFA Burmese
2023.01.15
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့် ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲ ဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် နောက်ပိုင်း KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ခုနစ်ထောင်ကျော်ဖြစ်ပွားခဲ့ ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေ အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား နှစ်သိန်းကျော်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။