မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၀ ထပ်လွတ်လာ

2022.09.09
မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၀ ထပ်လွတ်လာ တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်အား တွေ့ရစဉ်
Photo: CJ

တနင်္သာရီတိုင်း ၊ မြိတ်အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ဦး ဒီနေ့ မနက်အစောပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ခြောက်ဦးပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လ တုန်းက မြိတ်မြို့ ကန်ကြီးရပ်ကွက်သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံ ခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ပုဒ်မ - ၁၄၅ တို့နဲ့ မြိတ်အကျဉ်းထောင်မှာ ပြစ်ဒဏ် နှစ်နှစ်ကျခံခဲ့ရတာပါ။

“အရင်လွတ်လာသူတွေလို ပုဒ်မ နှစ်ခုနဲ့ ထောင်ကျပြီး လွတ်ရက်စေ့သွားလို့ ပြန်လွတ် လာတာဖြစ်တယ်။ သူတို့တွေက ဆန္ဒပြရင်းနဲ့ဖမ်းဆီးခံရပြီးတော့ ထောင်တွင်းတရားရုံး မှာပဲအမိန့်ချခဲ့တာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက် စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကုန်အထိ မြိတ်မြို့နယ်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါး အထိ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် နေ့တုန်းကလည်း မြိတ်အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား ၁၉ ဦး လွတ်ရက်စေ့လို့ ပြန်လွတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။