ထိုင်းနိုင်ငံအနောက်ပိုင်း ယာဉ်မတော်တဆမှု မြန်မာနိုင်ငံသားလေးဦးသေ၊ ကိုးဦးဒဏ်ရာရ

2022.08.28
Share on WhatsApp
Share on WhatsApp
ထိုင်းနိုင်ငံအနောက်ပိုင်း ယာဉ်မတော်တဆမှု မြန်မာနိုင်ငံသားလေးဦးသေ၊ ကိုးဦးဒဏ်ရာရ ထိုင်းနိုင်ငံတောင်ပိုင်း အမြန်လမ်းမ တစ်နေရာကို ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရသည့် မြင်ကွင်း။
Photo: AFP

တနင်္ဂနွေနေ့မနက်အစောပိုင်းက ထိုင်းနိုင်ငံအနောက်ပိုင်း ဆန်ခလဘူရီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်၊ အဝေးပြေးလမ်းမ ၃၂၃၊ ဘုရားသုံးဆူ ဖြတ်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားတယ် လို့ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့အဆိုအရ မြန်မာနိုင်ငံဘက်က လာတဲ့ယာဉ်ဟာ မနက်လေးနာရီလောက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရောက်သွားချိန်မှာ ယာဉ်ဟာ ပက်လက်လန်လျက်ရှိနေပြီး ယာဉ်အတွင်း အမျိုးသား နှစ်ဦး၊ အသက် ၁၃- ၁၄နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်စဉ် အနီးအနားမှာ ရှိနေတဲ့ ထိုင်းနိုင်ငံသားမျက်မြင်သက်သေတစ်ဦးအဆိုအရ တိမ်းမှောက်သွားတဲ့ ယာဉ်အတွင်းကနေ လူနှစ်ဦးထွက်ပြေးသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူနှစ်ဦးဟာ လူကုန်ကူးသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာသူတွေလို့ ယူဆရကြောင်း၊ ဒဏ်ရာရရှိသူမြန်မာနိုင်ငံသားကိုးဦးကိုတော့ ဆန်ခလဘူရီဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။