၈၈ခေါင်းဆောင်များ နော်ဝေရွေးကောက်ပွဲ သွားရောက် လေ့လာမည်


2013.08.28

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တချို့ဟာ နော်ဝေနိုင်ငံ အခြေစိုက် နော်ဝေ-ဘားမားကော်မတီ ရဲ့ဖိတ်ကြားချက်နဲ့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ နော်ဝေနိုင်ငံ ရွေးကောက်ပွဲနဲ့ ဂျာမဏီ နိုင်ငံပါလီမန်ကိုလေ့လာဖို့ သွားကြမယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အခုလိုပြော ပါတယ်။

"နော်ဝေနိုင်ငံ ရွေးကောက်ပွဲကို လေ့လာမှာ ဖြစ်သလို၊ဂျာမနီနိုင်ငံရဲ့ ပါလီမန်ကိုလည်း သွားလေ့လာမယ့် အပြင် ဖက်ဒရယ်လစ်ဇင်ကိုလည်း ဖလှယ်ဖို့ရှိပါတယ်။ရွေးကောက်ပွဲတွေဟာ အရေးပါတဲ့ ကဏ္ဍမှာရှိတဲ့ အတွက်ရွေးကောက်ပွဲကျင်းပပုံ၊နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်ပုံ၊လွတ်လပ်သန့်ရှင်းမျှတမူတွေရှိမူ၊ကျွန်တော်တို့နိုင်ငံအတွက် လိုက်လျောညီထွေတဲ့ အတွေ့အကြုံရရှိမှာပါ"

နော်ဝေနိုင်ငံရွေးကောက်ပွဲစနစ်ကို စက်တင်ဘာ၈ရက်နေ့နဲ့ ၉ရက်နေ့မှာ သွားရောက်လေ့လာမှာဖြစ်ပြီး ဂျာမနီနိုင်ငံပါလီမန် အကြောင်းကိုတော့ စက်တင်ဘာလ၁၈ရက်နေ့ကနေ၂၁ရက်နေ့အထိ လေ့လာကြ မှာဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်း အစိုးရပိုင်းအရာရှိတွေ၊ တက္ကသိုလ်ပညာရှင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့နဲ့ လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကိုယ်စားလှယ်(၁၃) ဦးပါဝင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။