အငြင်းပွား မဲစာရင်း ဖျက်ဆီးဖို့ ဝန်ထမ်းတွေကို နတ္တလင်းကော်မရှင်ညွန်ကြား
2010.11.11
ဒါနဲ့ ပတ်သက်လို့ အမည်မဖေါ်လိုတဲ့ ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။
" နတ္တလင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေကို ကျမတို့ ကွန်ပြူတာထဲမှာရှိတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စာရင်းအင်းတွေကို ဖက်ပစ်ရမယ်လို့ ညွှန်ကြားနေပါတယ်။"
နတ္တလင်းမြို့နယ်မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီက (၃) ပါတီဖြစ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီနဲ့ ဒီမိုကရက်တစ်ပါတီတို့ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ စုစုပေါင်း နေရာ ၄ ခုမှာအနိုင်ရသွားတဲ့အတွက် တစညပါတီကိုယ်စားလှယ်တွေက မကြေမနပ်ဖြစ်နေကြသလို၊ ရွေးကောက်ပွဲရလာဒ်ကိုလဲ အသိအမှတ်မပြုနိုင်ဘူးဆိုပြီး လက်မှတ်မထိုးပေးဘူးလို့သိရပါတယ်။ ြ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဥပဒေနဲ့မညီညွတ်ပဲ ကြိုတင်မဲကောက်ခံထားတာ၊ လူစားထိုး မဲပေးတာ စသဖြင့် မဲမသမာမှုတွေရှိခဲ့တယ်လို့ တစညပါတီကဝေဖန်ထားပြီး ရလာဒ်ကို အငြင်းပွါး နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအပြီး နောက်တနေ့မှာပဲ ကွန်ပျူတာထဲက မှတ်တမ်းစာရင်းတွေဖျက်ဆီးရမယ်လို့ညွှန်ကြားလာတာဖြစ်ကြောင်း သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
တချိန်ထဲမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မသမာမှုတွေ အငြင်းပွားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ NDF ပါတီက ကချင်အမျိုးသမီး ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအပါအဝင် ပါတီတချို့နဲ့ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက် |
|
အသံဖိုင်ယူရန် |