လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင်ခဲ့ကြောင်း ဂျပန်သတင်းထောက် RFA ကို ပြောကြား

မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့က မြဝတီမြို့ကို တရားမဝင် ဝင်ရောက်မှုနဲ့(၂) ညအိပ် (၃) ရက်ကြာ အဖမ်းခံရပြီး နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာသူ APF ဂျပန် ရုပ်သံသတင်းဌာန ပိုင်ရှင် Mr. Toru Yamaji က မြန်မာနိုင်ငံရဲ့ အချုပ်သားတွေဟာ အခြေခံရပိုင်ခွင့် တွေ ဆုံးရှုံးနေတယ်လို့ သူ့အတွေ့အကြုံကို RFA က သီးသန့်မေးမြန်းစဉ် ပြန်လည်ပြောဆိုပါတယ်။

2010.11.11
japanese_journalist_toru_yamaji_305_z ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဂျပန် APF သတင်းဌာန ပိုင်ရှင် မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji)။ (Photo: RFA)
(Photo: RFA)


သူဟာ ဒီကနေ့ မဲဆောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ထားပေမယ့် ထိုင်းဒေသခံ အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ဂျပန်နိုင်ငံကို ပြန်ဖို့အတွက် နယ်စပ်မဲဆောက်မြို့ကနေ ဗန်ကောက်မြို့ကို သွားနေတုန်း သူ့ရဲ့ မြဝတီ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။