နိုင်ငံခြားအရင်းအနှီး အလုံးအရင်း ဝင်ရောက်မှု ပြည်တွင်း စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်နိုင်
2012.04.23
မြန်မာနိုင်ငံက ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းးစနစ်ကို ပြင်ပဈေးကွက် ပေါက်ဈေး ပုံစံမျိုး မြန်မာအစိုးရ ဗဟိုဘဏ်က သတ်မှတ်လိုက်တာဟာ အင်မတန်ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တဲ့အတွက် အေဒီဘီအနေနဲ့ ကြိုဆိုကြောင်း၊ ဒါပေမယ့် အလွန်ကို ခက်ခဲတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ချမှတ်သွားဖို့ ကျန်ရှိနေသေးကြောင်း အေဒီဘီအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Rajat Nag က ပြောပါတယ်။
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲနှုန်းကို ဈေးကွက်ဝယ်လိုအား ရောင်းလိုအားအပေါ်မှာ မူတည်ပြီး အစိုးရ ဗဟိုဘဏ်က လိုအပ်သလို စီမံခန့်ခွဲမယ့်ပုံစံနဲ့ လက်ရှိ တစ်ဒေါ်လာကို ၈၁၈ ကျပ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးစနစ် အပြောင်းအလဲ ပေါ်ထွက်လာနေပြီး အနောက်နိုင်ငံတွေကလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးလာမှာကြောင့် နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာဖို့ အခြေအနေရှိတာကြောင့် အေဒီဘီ အဖွဲ့ကြီးက အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။