ရခိုင်ပြည်နယ် သွားရောက်ကူညီခွင့် AI တိုက်တွန်း


2016.10.20
Share on WhatsApp
Share on WhatsApp
maungtaw-refugees-620.jpg ရခိုင်ပြည်နယ် မောင်တောမြို့ကနေ ထွက်ပြေးလာသူတွေကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းမှာ အောက်တိုဘာလ ၂ဝ ရက်နေ့ က ပြောင်းရွှေ့နေရာချထားစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ရေးအတွက် ကန့်သတ်ထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ မြန်မာအစိုးရကို AI- နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ ပဋိပက္ခပိုများလာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားတာဟာ နဂိုရှိပြီးသား လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ပိုဆိုးဝါးလာတယ်လို့ AI  ကဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးစစ်ဆင်တဲ့အတွက် ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအဝိုင်းတွေ နေအိမ်တွေက ထွက်ပြေးကြ တယ်လို့ AI အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Rafendi Djamin  က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မကြာခင်နှစ်ပိုင်းတွေကပဲ လူထောင်သောင်းချီ နေရပ်ကရွှေ့ပြောင်းနေရပြီး လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ဖြစ်ရပ်တွေဟာ အခြေအနေ ပိုဆိုးဝါးတဲ့အပြင် အန္တရာယ်များလာတယ် လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။