မြန်မာကို AIIB က ဒေါ်လာ သန်း ၂ဝ ချေးမယ်
2016.09.30
မြန်မာနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံက စွမ်းအင်စီမံချက်နှစ်ခုအတွက် AIIB အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်က ချေးငွေ ဒေါ်လာ သန်း ၃၂ဝ ပေးဖို့ အတည်ပြုလိုက်ပြီလို့ မနေ့က ပြောကြားပါတယ်။
တခြား ဘက်စုံဖွံ့ဖြိုးရေးဘဏ်တွေနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကပါ ပူးတွဲရင်းနှီးမြှုပ်နှံတဲ့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံစီမံချက်အတွက် AIIB က ဒေါ်လာ သန်း ၂ဝ ရင်းနှီးမြှုပ်နှံဖို့ အတည်ပြု ပါတယ်။
ပါကစ္စတန်နိုင်ငံမှာတော့ ကမ္ဘာ့ဘဏ်နဲ့ ပူးတွဲ ရင်းနှီးမြှုပ်နှံတဲ့ ရေအားလျှပ်စစ်တိုးချဲ့စီမံချက်အတွက် ဒေါ်လာ သန်း ၃ဝဝ ချေးဖို့ အတည်ပြုလိုက်တာလို့ AIIB က တရုတ်နိုင်ငံထုတ် Global Times ကို ပေးပို့တဲ့ အီးမေးလ်မှာ ပါရှိပါတယ်။