မြန်မာကို ဥက္ကဋ္ဌနေရာပေးဖို့ စောသေးတယ်လို့ AIPMC ပြောကြား

မြန်မာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ နေရာပေးရေး ဆုံးဖြတ်ချက်ကို အချိန်ယူဖို့ မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။

2011.11.08
aipmc-webpage-305 AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေသည့် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့၏ အင်တာနက် စာမျက်နှာပုံ ဖြစ်ပါသည်။
Photo: RFA

ပွင့်လင်းလာတယ် ဆိုတိုင်း ဒီမိုကရေစီ အလိုအလျောက် ရနေပြီလို့ အဓိပ္ပာယ်ဖွင့်လို့ မရဘူးဆိုတာ သတိပြုဖို့ လိုပါတယ်။ ကျွန်မတို့ဆီမှာ စဉ်းစားစရာအချက်တွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို အာဆီယံ ခေါင်းဆောင်တွေ ထည့်မတွက်ဘူးလို့ Eva Sundari ပြောပါတယ်။

အပြောင်းအလဲတွေ အခြေအနေ ကောင်းတွေဆိုတာက ရန်ကုန်မြို့နဲ့ မြို့တော်သစ်ဆိုတဲ့ နေပြည်တော်မှာပဲ ဖြစ်နေတာပါ။ တိုင်းရင်းသား ဒေသတွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကြည့်ရမှာပါ။ နောက်ပြီး ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းခံ ထားရဆဲပါ။

သူတို့အားလုံးကို ဘယ်တော့များမှ တခါတည်းနဲ့ လွှတ်မလဲဆိုတာ မသိရသေးပါဘူး။ ဒီမိုကရေစီ နိုင်ငံဆိုရင် သဘောထား ကွဲလွဲသူတွေကို အကျဉ်းချထားတယ်ဆိုတာ မသင့်တော်ပါဘူးလို့ Eva Sundari က ဆက်ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-09 22:07

Nothing ...Do u know ?? U can supporting of ur around of u ...??? Like ur family is now complete & all r okey ..???

Anonymous
2011-11-08 09:34

You can't beat the AAEAN, which is already made up their mind to lat Myanmar Assume Chairmanship. The visit of Indonesia F M is just for show. To prove (By their Own Accord), that they have done all they can & due deligently.

Anonymous
2011-11-08 21:25

ဦးသိန်းစိန် အစိုးရက ပြည်တွင်းမှာတောင်
ပြည်သူတွေကို ထမင်းဝအောင်လုပ်မပေးနှိင်ဖူး..
အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံထက် တိုးတက်
တဲ့ နိုင်ငံချည်းပဲ... ကိုယ့်နိုင်ငံကို တိုးတက်အောင်
လုပ်ပါအုံ့ ..အာဆီယံမှာနိုင်ငံက လူတွေက အကုန်
ဘွဲ့ လွန်ပြီးကြပြီ .. ဦးသိန်းစိန်အစိုးရက အခုမှ
မူကြိုပဲရှိပါသေးတယ်....။