ခန္တီးမြို့မှာ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အရာတစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာ


2018.12.22
Share on WhatsApp
Share on WhatsApp
aircraft-component-622.jpg ခန္တီးမြို့၊ ရတနာလမ်းမပေါ်မှာ ၂၀၁၈၊ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်က လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အရာတစ်ခုပြုတ်ကျနေတာကို တွေ့ရစဉ်
Photo: Aung San Myint

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နားမေတ္တာ ရပ်ကွက် ရတနာလမ်းမပေါ်မှာ ဒီနေ့မနက် ၆ နာရီခွဲခန့်က လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အရာတစ်ခုပြုတ်ကျပြီး မြို့ပေါ်မှာ ဆူညံသံတွေကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြုတ်ကျလာတဲ့အရာဟာ အလျား ၉ ပေ ၈ လက်မခွဲနဲ့ အနံ ၃ ပေ ၈ လက်မရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအပိုင်းအစမှာ ရေးထားတဲ့ စာလုံးတွေဟာ တရုတ်ဘာသာနဲ့ ရေးထားတာတွေဖြစ်တယ်လို့ ဒေသခံ တွေကပြောနေကြပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က တရုတ်ကနေ ပြုတ်ကျလာတဲ့ ပစ္စည်း ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

အဲ့ဒီအပိုင်းအစကို ခန္တီး စစ်ဗျူဟာရုံးကို သယ်ဆောင်သွားပြီဖြစ်ပြီး ဘာဖြစ်တယ်ဆိုတာကို လေကြောင်းဦးစီးနဲ့ အဖွဲ့ဖွဲ့စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မနက်က ဒီအပိုင်းအစ ပြုတ်ကျလာခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။