တောင်ငူလေတပ်စခန်းဌာနချုပ် ပစ်ခတ်ခံရမှု ရဟတ်ယာဉ်ပျက်စီး

RFA Burmese
2023.03.29
Share on WhatsApp
Share on WhatsApp
တောင်ငူလေတပ်စခန်းဌာနချုပ် ပစ်ခတ်ခံရမှု ရဟတ်ယာဉ်ပျက်စီး ပဲခူးတိုင်း၊ တောင်ငူမြို့က တောင်ငူလေတပ်စခန်းဌာနချုပ်။
Citizen Journalist

ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်က တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain of Fire ဆိုတဲ့ စစ်ဆင်ရေးအနေနဲ့ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးရှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ရဟတ်ယာဉ်တစ်စင်း ပျက်စီးသွားတဲ့အကြောင်း ပဲခူးနယ်မြေ PDF အဖွဲ့က RFA ကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက မတ် ၂၅ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ပူးပေါင်းတိုက်ခိုက်တာလို့ ပဲခူးနယ်မြေ PDF တိုင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးတင်ဦးက လေတပ်စခန်းပစ်ခတ်ခံရတယ်ဆိုတာ သတင်းမှားသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လေတပ်စခန်းနားမှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။

ပူးပေါင်းအဖွဲ့က မတ် ၂၅ ရက်နေ့မှာ ပစ်ခတ်တဲ့အခါ လေတပ်စခန်း ဝန်ထမ်းလိုင်းခန်းထိမှန်ခဲ့ပြီး ၂၇ ရက်နေ့မှာ စခန်းအတွင်းက ဗုံးဂိုထောင်အနီး ဆီလှောင်ကန်အနီးနဲ့ လေယာဉ်ဂိုထောင်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Bago Region PDF က မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပဲခူး PDF အဖွဲ့က ဒီလေတပ်စခန်းဌာနချုပ်ကို ပထမဆုံးအကြိမ် ပစ်ခတ်တာဖြစ်ပြီး စစ်ကိုင်းတိုင်း အပါအဝင် တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို လက်တုံ့ပြန်တာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။