ဗီဇာအတုနဲ့ မလေးရှားသွားမယ့်သူ ၈ဝ လေဆိပ်က ပြန်လွှတ်

မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါဝင် စာရွက်စာတမ်း အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။

2011.01.15
သူတို့ကို မလေးရှားသံရုံး ကောင်စစ်ဝန် အပါအဝင် လေဆိပ် စအဖ အဖွဲ့တို့ ပူးပေါင်း စစ်ဆေးခဲ့ရာမှာ မလေးရှားသံရုံး ဗီဇာ အပါအဝင် အလုပ်ခေါ်စာ အတုတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မန်နေဂျာတဦးက ပြောပါတယ်။

ဒီ အလုပ်သမား ၈ဝ ကျော်ကို ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၂ ခုလောက်က စေလွှတ်တာဖြစ်ပြီး အရင်က မလေးရှားနိုင်ငံကို သွားမယ့် မြန်မာ အလုပ်သမားတွေဟာ မလေးရှားသံရုံး ဗီဇာ မလိုတဲ့အတွက် မလေးရှားနိုင်ငံက အလုပ်ခေါ်စာ အတုတွေကို အသုံးပြုပြီး လေဆိပ် ဆိုက်ရောက်ဗီဇာနဲ့ သွားလာနေကြတာပါ။

ဒါပေမယ့် ဇန်နဝါရီလ ၆ ရက်နေ့က ပြီး မလေးရှားနိုင်ငံကို သွားတဲ့ လေကြောင်းလိုင်းတွေဟာ ရန်ကုန်မြို့ မလေးရှားသံရုံးက ဗီဇာမပါရင် လေယာဉ်ပေါ် တက်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

မလေးရှားရောက် မြန်မာ အလုပ်သမားတွေဟာ အလုပ်က အကြွေးမကြေခင် ထွက်ပြေးလေ့ ရှိတဲ့အတွက် ၂ဝ၁ဝ ခုနှစ်ကစလို့ မလေးရှား အလုပ်ရှင်တွေဟာ မြန်မာအလုပ်သမားတွေကို ခေါ်ယူတာ နည်းပါးလာတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေဟာ ဗီဇာ စာရွက်စာတမ်း အစစ်တွေနဲ့ သွားဖို့အတွက် ၄ လ နီးပါး စောင့်ဆိုင်းရပြီး သေချာမှုလည်း မရှိတဲ့အတွက် ၂ ပတ်လောက်သာ ကြာတဲ့ ဗီဇာ စာရွက်စာတမ်း အတုတွေနဲ့ အခုလို သွားလာနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-01-16 21:56

I want to know the name of agencies who did this kind of fake calling visa and endorse visa.

Anonymous
2011-01-19 23:56

ၺေက်းဇူးတင္စြာျဖင့္