ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာတော် နှစ်ပါးအပါအဝင် ငါးဦးသေဆုံး

RFA Burmese
2023.01.12
Share on WhatsApp
Share on WhatsApp
ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာတော် နှစ်ပါးအပါအဝင် ငါးဦးသေဆုံး ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ကရင်ပြည်နယ် လေးဝါးရွာ ခရစ်ယာန်ဘုရားကျောင်း။
Free Burma Rangers

ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊ လေးဝါးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးနဲ့ ခရစ်ယာန်ဆရာတော်နှစ်ပါး အပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ အဲဒီဒေသကိုရောက်နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ အမေရိကန်တပ်မှူးဟောင်း David Eubank က ပြောပါတယ်။

အသက်သုံးနှစ်နီးပါးရှိသေးတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ၊ နှစ်ခြင်းသင်းအုပ်ဆရာတော်၊ ကက်သလစ်သင်းထောက်ဆရာတော်နဲ့ ရွာသားတစ်ဦး စုစုပေါင်း ငါးဦးနေရာမှာတင် သေဆုံးသွားပါတယ်။

Sequence 1186.00_00_14_27.Still001.jpg
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသွားကြသူများ။ (Photo: Free Burma Rangers)

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာလို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်ကို David Eubank က ပြန်ပြောဆိုပါတယ်။

"တကယ်လို့သာ ဘုရားကျောင်းမဟုတ်ဘဲ စာသင်ကျောင်းသာဆိုရင် အဲဒီထဲမှာ စာသင်နေတဲ့ ကလေးတွေ အကုန်လုံးသေကုန်မှာ၊ အဆောက်အအုံ အားလုံး ရစရာမရှိအောင် ပျက်စီးနေတယ်"

စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ရွာသားတော်တော်များများလည်း ဒဏ်ရာရသွားသလို လေးဝါးရွာတစ်ဝိုက်က ဒေသခံတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

image4.jpeg
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသူတစ်ဦး။ (Photo: Free Burma Rangers)

အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို သတိပေးထားပေမဲ့ စစ်ကောင်စီဟာ လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ်သုံးဗုံးကြဲ တိုက်ခိုက်ခဲ့လို့ CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။