KNU တပ်မဟာ (၅) အတွင်းရှိ ကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

2022.11.09
Share on WhatsApp
Share on WhatsApp
KNU တပ်မဟာ (၅) အတွင်းရှိ ကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ပစ်ခတ်သည့်အတွက် ပျက်စီးသွားသည့် ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ တာဘောကော်ဒဲကျေးရွာမှ အဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။
Photo: KNU

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်း တစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့၊ ဒီနေ့မနက် ၁ နာရီကျော်လောက်က စော်မူပလောကျေးရွာအုပ်စု၊ တာဘော်ကော်ဒဲရွာအတွင်းကို လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဘုရားကျောင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားပေမယ့် လူထိခိုက်မှု ရှိ၊ မရှိကိုတော့ သတင်းမထုတ်ပြန်ထားပါဘူး။

ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး KNU ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ မဖြေကြားသေး ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။