လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမှာ တစ်ဦးသေပြီး လေးဦးဒဏ်ရာရ

RFA Burmese
2023.05.17
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမှာ တစ်ဦးသေပြီး လေးဦးဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကယားပြည်နယ်၊ စောလုံကျေးရွာမှ နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် စောလုံရွာကို မေလ ၁၇ ရက် မနက် ၄ နာရီဝန်းကျင် မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ရွာခံအမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် နေအိမ်ခြောက်လုံး၊ ကျေးရွာဆေးပေးခန်းအဆောက်အအုံနှစ်ခုနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တာလို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲလည်းမရှိဘူး။ ဘာမှထူးခြားမှုလည်းမရှိဘူး။ အဲဒီမှာငြိမ်နေတာလည်းကြာပြီ။ အဲဒါကို ရုတ်တရက်ကြီးဒီလိုဖြစ်တာ”

စောလုံရွာဟာ အိမ်ခြေ ၃၀ ဝန်းကျင်သာရှိတဲ့ ရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။

၂၀၂၃ခုနှစ် ဧပြီလ ၂၁ ရက်ကလည်း စောလုံကျေးရွာအနီးကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး ချိန်ကနေ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ တိုက်ပွဲ ပေါင်း ၆၆၃ ကြိမ် ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။