အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး အလေးပေးဆွေးနွေးဖို့ AI အဖွဲ့တိုက်တွန်း

2022.05.12
အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး အလေးပေးဆွေးနွေးဖို့ AI အဖွဲ့တိုက်တွန်း ၂ဝ၂၁ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် အမေရိကန်-အာဆီယံအစည်းအဝေးအား အွန်လိုင်းမှတဆင့် တက်ရောက်နေသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
Photo: Reuters

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ နှစ်ရက်ကြာကျင်းပတဲ့ အမေရိကန်-အာဆီယံ အရှေ့တောင် အာရှနိုင်ငံများအသင်း ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကို အလေးပေးဆွေးနွေးကြဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ပိုမိုချိုးဖောက်ကျူးလွန်နေတာတွေ ရပ်တန့်မသွားတဲ့အတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် မအောင်မြင်ဘူးလို့ AI အဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ‌အာဆီယံဒေသအတွက် စိုးရိမ်စရာဖြစ်လာနေတယ်ဆိုတာကို အာဆီယံအနေနဲ့ ဝန်ခံအသိအမှတ်ပြုရလိမ့်မယ်လို့ AI အဖွဲ့ရဲ့ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Emerlynne Gil က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေ အသက်အန္တရာယ် မလုံခြုံရုံသာမက တိုင်းပြည်စီးပွားရေးကိုပါ ထိခိုက်နေကြောင်း၊ အသက်ရှင်ရပ်တည်ရေးနဲ့ စားဝတ်နေရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ရသူတွေ အများအပြား ရှိလာနေကြောင်း၊ အာဆီယံအနေနဲ့ မြန်မာ့အ‌ရေး ဖြေရှင်းဖို့ ပိုပြီးအသေးစိတ်တိကျတဲ့ အစီအစဉ်တစ်ခု ရေးဆွဲချမှတ်သင့်ပြီ ဖြစ်ကြောင်းလည်း AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။